ဧရာဝတီကို ကာကွယ်ကြစို့.........

on Thursday, August 4, 2011
(ဓာတ်ပုံ - galenfrysinger)

အောင်ဒင်

(၁) ကွယ်လွန်သွားသော မြစ်ကြီးများ

မြစ်ကြီး တစ်စင်းရဲ့ အဓိက ရှင်သန်မှုက ခရီးမိုင်ပေါင်းများစွာ၊ တောင်တန်းတွေ၊ တောအုပ်တွေ၊ ရှိုမြောင်တွေ၊ လွင်ပြင်တွေ၊ မြို့ရွာတွေ၊ အကွေ့အကောက် ထောင်ပေါင်းများစွာကို ဖြတ်သန်းစီးဆင်းပြီး ပင်လယ် (သို့မဟုတ်) သမုဒ္ဒရာ ထံ ပေါင်းစပ်ခိုလှုံရခြင်းပါ၊ ပင်လယ်ထံ ရောက်အောင်မစီးဆင်းနိုင်တော့တဲ့ မြစ်ကြီးတွေကို သေဆုံးတယ်လို့ သတ်မှတ်ကြပါတယ်၊ မြစ်ကြီးသေဆုံးသလို မြစ်ကိုအမှီပြုရှင်သန်ကြတဲ့ ပြည်သူများရဲ့ ဘဝရပ်တည်မှုတွေလဲ အကြီးအကျယ်ပျက်ဆီးကြရတာပါ၊ သဘာဝတရားကြောင့်ဖြစ်စေ၊ လူတို့ရဲ့ ဖန်တီးမှုကြောင့်ဖြစ်စေ လူ့သမိုင်းတလျှောက်မှာ သေဆုံးခဲ့ရတဲ့ မြစ်ကြီးတွေအများကြီး ရှိခဲ့ပါတယ်၊ လူ့ပယောဂကြောင့် သေဆုံးခဲ့ရတဲ့ ထင်ရှားတဲ့ မြစ်ကြီး တစင်းကတော့ တရုတ်ပြည်က မြစ်ဝါမြစ် ကြီး (Yellow River) ပဲဖြစ်ပါတယ်၊

တရုတ်ပြည်ရဲ့ အဓိကမြစ်ကြီး သုံးစင်း (ယန်ဇီ၊ မဲခေါင် နဲ့ မြစ်ဝါ) ထဲက မြစ်ဝါမြစ်ကြီးကို တရုတ်ပြည်ရဲ့ မိခင်မြစ်ကြီးလို့ သတ်မှက်တင်စားကြပါတယ်၊ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိခဲ့ပြီး တရုတ်ပြည်မြောက်ပိုင်း တိဘက်ဒေသက ရေခဲတောင်များဆီက အစပြု၊ တရုတ်ပြည်ကြီး တခုလုံးကို မိုင်ပေါင်း ၃၄၀၀ ကျော်ဖြတ်သန်းပြီး ဘိုဟိုင်းပင်လယ် (The Bo Hai Sea) ထံ စီးဝင်ခဲ့တာပါ၊ တရုတ်နိုင်ငံသားတွေအတွက် ဒီမြစ်ကြီးဟာ အီဂျစ်နိုင်ငံက နိုင်းမြစ်ကြီးလိုပါပဲ၊ ယဉ်ကျေးမှုတို့မွေးဖွားရှင်သန်ရာ၊ နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့တဲ့ အောင်မြင်မှုများရဲ့ အထိမ်းအမှတ်၊ ကြောက်ရွံ့ပြီး ခန့်ငြားရတဲ့ သဘာဝအင်အားစုကြီး၊ ဖြစ်ခဲ့ပါတယ်၊ အခုတော့ အဲဒီ မြစ်ဝါမြစ်ကြီးဟာ သေဆုံးနေပါပြီ၊ လူတွေဖန်တီးတဲ့ အညစ်အကြေးတွေ စွန်းထင်း၊ အမှိုက်သရိုက်တွေပြည့်နှက်၊ မြောက်များလှစွာသော ဆည်ကြီးများ၊ ရေကာတာကြီးများရဲ့ လည်မျိုညှစ် အနိုင်ကျင့်ခံရမှုတွေ နဲ့ သူ့ရေဟာ အရင်လိုမသန့်ရှင်းတော့၊ သူ့ရေစီးဟာအရင်လို မတည်ညိမ်တော့၊ သူ့ရေပမာဏဟာ အရင်လိုမများပြားတော့၊ သူ့ရဲ့ ခရီး ဟာလဲ ပင်လယ်ဆီ မရောက်နိုင်တော့၊ ဒီနေ့မှာတော့ သေဆုံးနေတဲ့ မြစ်ဝါမြစ်ကြီးဟာ တရုတ်ပြည်ရဲ့ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဂရုမစိုက်မှုကို အထင်အရှားပြသတဲ့ အမှတ်အသားတခုအဖြစ်နဲ့သာ ရပ်တည်နေရပါပြီ၊ တရုတ်ပြည်သူများ နဲ့ ကမ္ဘာတဝှမ်းက တာဝန်သိအဖွဲ့အစည်းများ၊ အစိုးရများက အပြင်းအထန် ထောက်ပြဝေဘန်ကြလို့ အလန့်တကြားနိုးထလာတဲ့ တရုတ်အစိုးရက မြစ်ဝါမြစ်ပြန်လည်ထူထောင်ရေး စီမံကိန်းတွေ စတင်ဆောင်ရွက်နေပေမည့် အလွန်ကိုပဲ နောက်ကျခဲ့ပါပြီ၊

ကျနော်တို့ရဲ့ ဧရာဝတီမြစ်ကြီးလဲ မြစ်ဝါမြစ်ကြီးလို ပင်လယ်ဆီမရောက်နိုင်တော့တဲ့ ဘဝမျိုး ကြုံရလောက်အောင်ကိုပဲ အနိုင်ကျင့်ခံနေရပါပြီ၊ ကချင်ပြည်နယ်က မေခ၊ မလိခ မြစ်ဆုံဒေသမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီများက ဆောက်လုပ်နေတဲ့ မြစ်ဆုံဆည်စီမံကိန်းကြီး ပြီးသွားခဲ့ရင် ယူနန်ပြည်နယ်ကြီး လျှပ်စစ်ဓာတ်အားတွေအလုံအလောက်ရပြီး စီးပွါးရေးပိုမိုတိုးတက်၊ မြန်မာစစ်ဗိုလ်တွေ နဲ့ အလိုတော်ရိစီးပွါးရေးသမားတွေ အကျိုးအမြတ်ဖြစ်ထွန်းပြီး ဧရာဝတီမြစ်ကြီးကတော့ ကွယ်လွန်သွားတဲ့ မြစ်များစာရင်းထဲ နောက်တိုး ဝင်ရောက်၊ မြန်မာပြည်သူတွေကတော့ လက်ရှိဆင်းရဲနွမ်းပါးမှုထက်အဆပေါင်းများစွာ နိမ့်ကျပြီး ကုန်းကောက်စရာမရှိလောက်အောင်ကို ဆင်းရဲကြ၊ ပျက်ဆီးကြရမှာပါ၊ ဧရာဝတီ ကို မြစ်ဝါမြစ် လိုဘဝမျိုးမရောက်အောင် ကျနော်တို့ အချိန်မီ ကာကွယ်ကြဖို့ အ ရေးတကြီး လိုအပ်နေပါပြီ၊

(၂) ဆည်၊ ရေကာတာ၊ ရေလှောင်တမံ

စကားလုံး သုံးလုံးကွဲနေပေမည့် အဓိပ္ပာယ်ကအတူတူပါပဲ၊ မြစ်ကို ဖြတ်ပြီး မြစ်ရေစီးကို ဟန့်တားဖို့ တည်ဆောက်ထားတဲ့ နံရံကြီးတခုပါ၊ အဲဒီနံရံကြီးနဲ့ မြစ်ရေစီးကို တားပြီး အဲဒီမြစ်ရေတွေကို စုဆောင်းဖို့ရေလှောင်ကန် (Reservoir) ခေါ်တဲ့ လူလုပ်ရေကန်ကြီး (Artificial Lake) တခုကို ဆက်စပ်တည်ဆောက်ရပါတယ်၊ အဲဒီလို မြစ်ရေစီးကို ဆည် (သို့) ရေကာတာ (Dam) နဲ့ဟန့်တား၊ မြစ်ထဲက ရေတွေကို ရေလှောင်ကန် (Reservoir) ထဲမှာ စုဆောင်းပြီး ရေလှောင်ကန်နံဘေးမှာ ကပ်လျှက်တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေး တာဘိုင် (Turbine) ကြီးများနဲ့ လျှပ်စစ်ဓာတ်ထုတ်လုပ်ပြီး သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းများနဲ့ အလိုရှိတဲ့နေရာကို ပို့ဆောင်ပါတယ်၊ ဒီမြစ်ဆုံဆည်ကရမည့် လျှပ်စစ်ဓာတ်အား အားလုံးနီးပါးကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တင်ပို့မှာပါ၊ ရေကာတာမှာ ရေတံခါးကြီးများရှိပါတယ်၊ တာဘိုင်များထဲ ရေတွေ ဖြတ်သန်းပြီး လျှပ်စစ်ဓာတ်အားထုတ်ပြီးတဲ့အခါ အဲဒီ ရေတံခါးကြီးများကတဆင့် မြစ်ထဲကို မလိုအပ်တော့တဲ့ရေတွေ ပြန်ထုတ်ပေးမှာပါ၊ ဒီတော့ မြစ်အထက်က ကျလာတဲ့ ရေကို ရေကာတာကြီးနဲ့ ပိတ်ဆို့ဟန့်တား၊ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ပမာဏရတဲ့အထိ စုဆောင်း၊ လိုအပ်တဲ့ပမာဏရတော့မှ အဲဒီရေတွေကို လျှပ်စစ်ဓာတ်အားထုတ်မည့် တာဘိုင်ကြီးတွေကို ဖြတ်သန်း၊ ပြီးတော့မှ မလိုအပ်တော့တဲ့ရေတွေကို ရေတံခါးကြီးများကတဆင့် မြစ်ရဲ့ အောက်ပိုင်းဆီကို ပြန်လည် ထုတ်လွှတ်ပေးမှာပါ၊ ဒါဟာဖြင့် ရေအားလျှပ်စစ်ဓာတ်ထုတ်မည့် ဆည်စီမံကိန်းတခုရဲ့ ယေဘူယျလုပ်ငန်းစဉ်ပါ၊

ဒီတော့ လျှပ်စစ်ဓာတ်အား များများထုတ်ချင်တာနဲ့အမျှ၊ စုဆောင်းရမဲ့ ရေပမာဏက ပိုပြီးများ ပြား၊ ရေကာတာကြီးက ပိုပြီး မြင့်မား၊ ရေလှောင်ကန်ကြီးရဲ့အကျယ်အဝန်းကပိုပြီး ကြီးမားကျယ်ပြန့်၊ အဲဒီရေကာတာကြီး ဆောက်လုပ်ဖို့အတွက် ဆည်ဆောက်လုပ်မည့် နေရာက ဖယ်ရှားပေးရမည့် လူထုရဲ့ ပေးဆပ်ရမှုက ပိုပြီးများပြားပြီး မြစ်အောက်ပိုင်းက လူထုရဲ့ ခံစားနာကျင်ရမှု၊ ဆုံးရှုံးမှုတွေကလဲ ပိုပြီး ကြီးမားနက်ရှိုင်းပါလိမ့်မယ်၊ အခု မြစ်ဆုံဆည် ကိစ္စကို ကြည့်မယ်ဆိုရင် ရေအားလျှပ်စစ် ကီလိုဝတ် ၃သန်း ၆ သိန်း ကနေ ၆ သန်း (3.6 million kw-6 million kw) နှစ်စဉ် ထုတ်လုပ်ဖို့ မျှော်လင့်ထားတာမို့ ဆည်ကြီးရဲ့ အလျား နဲ့ အမြင့်က အင်မတန် ကြီးမားပါတယ်၊ အလျား ပေ ၅၀၀၊ အမြင့် ပေ ၅၀၀ ဆိုတာ အထပ် ၄၉ ထပ် အဆောက်အအုံတခုလောက် မြင့်ပါတယ်၊ ပြီးတော့ ရေလှောင်ကန်ကြီးရဲ့ ဧရိယာ အကျယ်အဝန်းကလဲ ၂၉၅ ဒဿမ ၈ စတုရန်းမိုင် ဆိုတော့ ဧရိယာစတုရန်းမိုင် ၂၃၁ ဒဿမ ၂ ရှိတဲ့ မဟာရန်ကုန်မြို့တော်ထက်လဲကြီး၊ ဧရိယာစတုရန်းမိုင် ၂၆၈ ရှိတဲ့ စင်္ကာပူမြို့ကြီးထက်လဲ ကြီးပြီး၊ အမေရိကန်ပြည်ထောင်စုက ဧရိယာစတုရန်းမိုင် ၃၀၁ ရှိတဲ့ နယူးယောက်မြို့တော်ကြီးလောက်ကို ကျယ်ဝန်းလှပါတယ်၊ ဒီလောက်ကြီးမားတဲ့ ရေလှောင်ကန်ကြီးကို ဆောက်ဖို့ မြစ်ဆုံဒေသတဝိုက်က ကျေးရွာပေါင်း ၄၇ရွာ ရွှေ့ပြောင်းပေးရမှာဖြစ်ပြီး ကချင်လူမျိုး ၂၀၀၀၀ ကျော် သူတို့ရဲ့ ဇာတိမြေ၊ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်က အမွေအနှစ်တွေကို ဆုံးရှုံးကြရမှာပါ၊ ပိုပြီးကြီးမားတဲ့ ဆုံးရှုံးမှုကတော့ ရေအောက်ရောက်သွားတော့မည့် အမြဲစိမ်းသစ်တောကြီးတွေ၊ တောင်တန်းတွေ ၊လွင်ပြင်တွေနဲ့ ကချင်လူမျိုးများအမွန်အမြတ်တန်ဘိုးထားကြတဲ့ ဖခင်နဂါးကြီးနဲ့ သား နဂါးနှစ်ကောင် မွေးဘွားရာ၊ ပျော်မြူးရာ မြစ်ဆုံဒေသကို ဆုံးရှုံးရမှာပါ၊ ဒီဆုံးရှုံးမှုတွေကို ဘယ်လို လျော်ကြေးနဲ့မှ အစားထိုးလို့မရနိုင်ပါ၊

(၃) မြစ်အောက်ပိုင်းမှ ဆုံးရှုံးမှုများ

ပိုပြီးရှင်းအောင် အမှတ်စဉ်ထိုးပြီး ပြောပြချင်ပါတယ်၊

(က) အလျား ပေ ၅၀၀၊ အမြင့်ပေ ၅၀၀ ရှိတဲ့ ရေကာတာကြီးက မေခနဲ့ မလိခ မြစ်ကြီး နှစ်စင်းက စီးဆင်းလာတဲ့ရေတွေကို ပိတ်ဆို့ဟန့်တားပြီး နယူးယောက်မြို့ကြီး လောက် ကျယ်ပြန့်ပြီး ၆၆ ထပ် အဆောက်အအုံတခုလောက်မြင့် (ပေ ၉၅၀) တဲ့ ရေလှောင်ကန်ကြီးထဲမှာ အရင်သိမ်းဆည်းထားလိုက်မှာပါ၊ ဒါကြောင့်မို့ ဧရာဝတီမြစ်ကြီးရဲ့ ပင်မအစဟာ မေခ နဲ့ မလိခမဟုတ်တော့ပါ၊ မြစ်ဆုံဆည်ကြီး ဖြစ်သွားပါပြီ၊ မြစ်ဆုံဆည်ကြီးက ရေလွှတ်ပေးမှသာ ဧရာဝတီ ဆက်လက်စီးဆင်းနိုင်မှာပါ၊

(ခ) အဲဒီ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ရေပမာဏရဖို့ အချိန်အတော်ကြာ စုဆောင်းရမှာပါ၊ အချို့ ဆည်ကြီးတွေ မှာ ရေကာတာအပြည့် ရေစုချိန် တနှစ်ကနေ တနှစ်ခွဲ ကြာပါတယ်၊ ရေလှောင်ကန်ကြီး ရေစုနေတဲ့အချိန်မှာ ဧရာဝတီမြစ်ကြီးထဲ ရေစီးမှာမဟုတ်ပါ၊

(ဂ) ရေလှောင်ကန်ထဲမှာ ရေပြည့်ပြီးတဲ့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး မလိုတော့တဲ့ ရေကို ရေတံခါးကြီးများက တဆင့် ဧရာဝတီမြစ်ထဲ ထုတ်လွှတ်မှာဖြစ်ပါတယ်၊ ဧရာဝတီ ပြန်လည်စီးဆင်းနိုင်ပါလိမ့်မယ်၊ ဒါပေမည့် ရေတွေက ညစ်ပါတ် ပြီး မသန့်ရှင်းတော့ပါ၊

(ဃ) ရေကာတာက ထုတ်လွှတ်တဲ့ ရေက မသန့်ရှင်းတော့လို့အဲဒီရေ (Polluted Water) ကို သောက်သုံးကြရမည့် လူတွေ၊ တိရိစ္ဆာန် တွေ အတွက် ရောဂါဘယတွေ ရစေပါတယ်၊ ရေလှောင်ကန်ကြီးကိုယ်တိုင်က ခြင်လို ငှက်ဖျား စတဲ့ ရောဂါဘယဖြန့်ဝေတတ်တဲ့ ပိုးမွှားတွေ စုဝေးပွါးများရာ ဒေသကြီးဖြစ်လာပြီး ပါတ်ဝန်းကျင်လူထုရဲ့ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်၊

(င) မေခ နဲ့ မလိခ မြစ်များက စီးဆင်းလာတဲ့ ရေဟာ နုံးများ၊ သဲများကိုပါသယ်ဆောင်လာခဲ့ပြီး အဲဒီ နုံးတွေ၊ သဲတွေ (Sediment) က ဧရာဝတီမြစ်ကြောင်း တလျှောက် မြစ်ညာပိုင်းမှာ မြေဩဇာအင်မတန်ကောင်းတဲ့ နုံးတင်မြေနုတွေ ဖန်တီးပေးပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အကြီးအကျယ် ထောက်ပံ့နေတာတာပါ၊ ဆည်ကြီး ပြီးသွားရင်တော့ အဲဒီ နုံးတွေဟာ ရေလှောင်ကန်ကြီးရဲ့ အောက်ခြေမှာပဲ အနည်ထိုင်ကျန်ရစ်ခဲ့ပြီး မြစ်အောက်ပိုင်းကို ဘယ်လိုမှ ရောက်မှာမဟုတ်တော့ပါ၊ နုံးတင်မြေနုပါးရှားသွားမည့် မြစ်ဝကျွန်းပေါ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပါလိမ့်မယ်၊

(စ) ဆည်ကြီးကပဲ မြစ်အတွင်း ငါးအပါအဝင် ရေနေသတ္တဝါ များရဲ့ မြစ်ဖျားကနေ မြစ်ကြောင်းတလျှောက် ရွှေ့ပြောင်းသွားလာမှုကို ပိတ်ဆို့ဟန့်တားလိုက်ပါလိမ့်မယ်၊ ငါးမျိုးဆက်တုံးမှု၊ အရေအတွက်ရှားပါးမှုတွေက ရေလုပ်ငန်းလုပ်ကိုင်သူများကို အကြီးအကျယ် ထိခိုက်ပါလိမ့်မယ်၊

(ဆ) မြစ်ရေပမာဏ နဲ့ ရေစီးကို ဆည်ကြီး က ထိန်းချုပ်လိုက်ပြီမို့လို့ မြစ်အတွင်း သင်္ဘောများ၊ မော်တော်များ၊ လှေ များနဲ့ ခရီးသွားလာမှုဟာ ပိုပြီးခက်ခဲလာပါလိမ့်မယ်၊ မြန်မာနိုင်ငံရဲ့ မြို့ပေါင်း၊ ရွာပေါင်းများစွာ၊ ဆိပ်ကမ်းပေါင်းများစွာဟာ ဧရာဝတီ မြစ်ကြောင်းတလျှောက် ဝဲ၊ယာ တဘက်တချက်မှာ တည်ရှိနေကြပြီး ခရီးသွားလာရေး နဲ့ ကုန်စည်စီးဆင်းမှု အတွက် ဒီမြစ်ကြီးကို မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၀%က အားကိုးနေရတာပါ၊ ရေနည်းသွားတဲ့ မြစ်ကြီးအတွင်း၊ ရေတိမ်သွားတဲ့ မြစ်ကြီးအတွင်း၊ ရေစီးနည်းပြီး မမှန်တဲ့ မြစ်ကြီးအတွင်းမှာ သင်္ဘောများ၊ မော်တော်များ၊ လှေ များ မိုးရာသီကလွဲရင် ကျန်တဲ့အချိန်တွေမှာ သွားလာနိုင်မှာမဟုတ်တော့ပါ၊

(ဈ) ရေစီးနှေးပြီး ရေပမာဏနဲ သွားတဲ့ မြစ်ကြီးရဲ့ ကမ်းပါးတဖက်တချက်က မြစ်ရေကိုအမှီပြုပြီးပေါက်နေတဲ့ ဒီရောက်တောတွေ ပျက်စီး ကုန်ပါလိမ့်မယ်၊ ဒီရောက်တောတွေ မရှိတော့တဲ့အတွက် ကမ်းပါးတွေ ပြိုကျပြီး ဧရာဝတီ မြစ်နဲ့ မြစ်လက်တက်များအတွင်းမှာ သောင်ထွန်းပြီး အဲဒီ မြေပမာဏက ရေပမာဏထက် ပိုများးလာပါလိမ့်မယ်၊ ရေနည်းသွားတဲ့ မြစ်ကြီးနဲ့ ဒီရောက်တောတွေ ပျက်သုံးမှုက ဧရာဝတီမြစ်ဝှမ်းဒေသ ကို ခြောက်သွေ့ဇုံအဖြစ် အသွင်ပြောင်းလိုက်ပါလိမ့်မယ်၊

(ည) တခါတရံ မိုးအပြင်းအထန် နဲ့ အဆက်မပြတ်ရွာသွန်းတဲ့ အခါ ဆည်ထဲမှာ ရေပမာဏက ဆည်က ထိန်းထားနိုင်တာထတ် အဆမတန်ပိုများလာတတ်ပါတယ်၊ အဲဒီအခါမှာ ရေအင်အားကြောင့် ဆည်ပြိုကျမှာကို ရှောင်တဲ့အနေနဲ့ ဆည်ရေတံခါးတွေကို ဖွင့်ပြီး ရေတွေ ရုတ်တရက် ထုတ်ပစ်တတ်ကြပါတယ်၊ အဲဒီ အရေးပေါ်ရေထုတ်မှုက ဧရာဝတီမြစ်ထဲကို တောင်ကျချောင်းရေတွေ ဒလဟော အရှိန်အဟုန်ကြီးမားစွာ စီးဆင်းလာသလိုမျိုး ဖြစ်ပါလိမ့်မယ်၊ မြစ်ထဲမှာလဲ ကမ်းပြိုထားလို့ သောင်တွေက ကမ်းပါးထက်ပိုမြင့်နေတဲ့ အချိန်၊ ကမ်းပါးမှာလဲ ဒီရောက်တောတွေ မရှိတော့တဲ့ အချိန်မှာ ဒီ ရေစီးဆင်းမှုက မြစ်နဲ့ မလှမ်းမကမ်းက မြို့ရွာများကို ရေလွှမ်းမိုးတဲ့ အထိ ဖြစ်နိုင်ပါတယ်၊ကချင်ပြည်နယ်အတွင်းက မြို့ကြီးများ အားလုံးနီးပါး ဒီရုတ်တရက်ရေလွှမ်းမိုးမှုဒဏ်ကို မကြာခဏ ခံစားကြရမှာပါ၊

(ဋ) မြန်မာနိုင်ငံမှာ ခြောက်သွေ့တဲ့အချိန်၊နွေရာသီ (ဖေဖော်ဝါရီ လ ကနေ မေ လအတွင်း) ဆည်ထဲမှာလဲ ရေနည်းမှာမို့ ဆည်က ရေပြန်ထုတ်တာလဲ အလွန်နည်းပြီး ဧရာဝတီမြစ်အတွင်း ရေစီးဆင်းမှု မရှိသလောက်ဖြစ်တော့မှာပါ၊ အဲဒီအချိန်မှာ ဧရာဝတီမြစ် စီးဝင်ရမည့် ဘင်္ဂလားပင်လယ် (Andaman Sea) က ရေတွေက ဧရာဝတီမြစ်ဘက်ကို ပြန်လည်စီးဝင်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်တခုလုံး ဆားငံရေတွေ လွှမ်းသွားပါလိမ့်မယ်၊ နွေကုန်လို့ မိုးရာသီ စပါးစိုက်ပျိုးရမည့်အချိန်မှာ ဆားငံရေလွှမ်းပြီး ပျက်ဆီးနေတဲ့ လယ်မြေတွေက မြန်မာနိုင်ငံ လယ်သမားထုကြီးရဲ့ အကျိုးစီးပွါးကို အကြီးအကျယ်ထိခိုက်မှာ ဖြစ်သလို မြန်မာတနိုင်ငံလုံး ဆန်စပါးရှားပါးမှု၊ စားနပ်ရိက္ခာမလုံလောက်မှုများ ဖြစ်ပေါ်ပါလိမ့်မယ်၊

အထက်မှာ တင်ပြထားတာတွေနဲ့ သဘာဝပါတ်ဝန်းကျင် ပျက်ဆီးမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ရှားပါး သစ်ပင်များ၊ ပန်းများ၊ရေနေသတ္တဝါများ၊ ငှက်မျိုးစုများ မျိုးတုန်းပျောက်ကွယ်မှု၊ တွေပေါင်းစပ်လိုက်မယ်ဆိုရင် တရုတ်အစိုးရရဲ့ ဧရာဝတီမြစ်ဖျားမှာ မြစ်ဆုံဆည် တည်ဆောက်ခြင်းဟာ မြန်မာပြည်သူ သန်းပေါင်းများစွာ ကို စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အသက်ရှင်သန်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ နိုင်ငံရေး အဘက်ဘက်က အတိုင်းအဆမရှိပျက်စီးစေမှာပါ၊ သူတို့ရဲ့ နိုင်ငံမှာ မြစ်ဝါမြစ် ကြီး သေဆုံးသွားတဲ့ သာဓက အထင်အရှားရှိရက်နဲ့ ကျနော်တို့နိုင်ငံက မိခင်မြစ်ကြီးကို သတ်ဖို့ကြိုးစားနေတာဟာ တရုတ်အစိုးရက မြန်မာပြည်သူများကို တိုက်ရိုက်ဖိနှိပ်စော်ကားနေတာလို့ ကျနော် ယူဆပါတယ်၊ တရုတ်အစိုးရ နဲ့ပူးပေါင်းပြီး မြန်မာ ပြည်သူများကို လူ့အခွင့်အရေးချိုးဖောက်နေတဲ့၊ မြန်မာနိုင်ငံရဲ့ မိခင်မြစ်ကြီးကို သတ်ဖြတ်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကိုလဲ အလွန်အံ့ဩမိပါတယ်၊ တကယ်တော့ သူတို့တွေ လဲ မျိုးရိုးစဉ်ဆက် ဧရာဝတီ နဲ့ ကြီးပြင်းပြီး ဧရာဝတီရဲ့ စောင့်ရှောက်မှုကို ခံယူခဲ့ကြရသူတွေပါ၊ ဧရာဝတီ ဟာကျနော်တို့ အားလုံးရဲ့ အမေ ဖြစ်သလို့ သူတို့ရဲ့ အမေလဲ ဖြစ်ပါတယ်၊ ဧရာဝတီ ရဲ့ကျေးဇူးတွေ သူတို့အပေါ်မှာလဲ အများကြီးရှိပါတယ်၊

(၄) ဆင်းရဲနွမ်းပါးမှု လျှော့ချရေး

ဦးသိန်းစိန် ကြံ့ဖွံ့သမ္မတဖြစ်လာပြီးတဲ့နောက် မြန်မာနိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုလာကြတာကတော့ "ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နဲ့ပပျောက်ရေး" ပါပဲ၊ ဦးသိန်းစိန် ကဦးဆောင်ပြီး ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ အကြီးအကျယ်ပြုလုပ်နေကြတာပါ၊ ဦးသိန်းစိန် ရဲ့ စီးပွါးရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်ကလဲ၂၀၁၁ခုနှစ် မေလ ၂၀-၂၁၊ နေပြည်တော်မှာကျင်းပတဲ့ "ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ" မှာ "မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ရှေ့ဆက် ဆောင်ရွက်ရန်များ" ဆိုတဲ့ စာတမ်းတစောင်တင်သွင်းခဲ့ပါတယ်၊ သူ့ရဲ့ စာပိုဒ်ပေါင်း ၉၇ ပုဒ်ရှိတဲ့ စာတမ်းမှာ စာပိုဒ် အမှတ် ၅၇ ကနေ ၈၇ အထိ စာပိုဒ်ပေါင်း ၃၀ နဲ့ မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဏကို ဦးစားပေး တင်ပြသွားတာတွေ့ရပါတယ်၊ သူ့ရဲ့ တင်ပြချက်တွေကတော့ လယ်ယာကဏ္ဏကို မြှင့်တင်ခြင်းဟာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် အဓိကကျကြောင်း အစချီပြီး ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကို ပြည်တွင်းဖူလုံရုံမက ပြည်ပကို တိုးမြှင့်တင်ပို့ရောင်းချနိုင်ဖို့၊ ကမ္ဘာပေါ်မှာ အဓိက ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့ နိုင်ငံအဆင့်ကို အရောက်လှမ်းဖို့၊ အဲဒီအတွက် အစိုးရ ရဲ့မူဝါဒချမှတ်မှု၊ ဝန်ကြီးဌာနများရဲ့ အကောင်အထည်ဖော်မှု၊ လယ်သမားများနဲ့ ပုဂ္ဂလိက ကုမ္ပဏီများရဲ့ အခန်းကဏ္ဏ၊ တိကျမှန်ကန်တဲ့ စာရင်းဇယားများပြုစုမှု၊ လယ်သမားများကို အခွင့်အရေးအကောင်းဆုံးဖန်တီးပေးဖို့ နဲ့ ဈေးကွက်အသစ်တွေ ရှာဖွေဖို့၊ မြေယာပိုင်ဆိုင်မှုတွေ ကို ပြင်ဆင်ဖို့ စသဖြင့် အကြံပြုထားတာတွေ့ရပါတယ်၊ အခြား စီးပွါးရေး အကြံပေးများကလဲ စာတမ်းတွေတင်ကြ၊ ဆွေးနွေးကြပါတယ်၊ ဒါပေမည့် သူတို့ရဲ့ စာတမ်းတွေက ဦးမြင့် ရဲ့စာတမ်းလို လူထုကြားထဲရောက်မလာတဲ့အတွက် ဘာတွေ အကြံပြုတယ်ဆိုတာ မသိနိုင်ပါ၊

ဒါပေမည့်လဲ ဒေါက်တာဦးမြင့်ရဲ့ စာတမ်းမှာ ဧရာဝတီမြစ်ကြီး ရဲ့ အရေးကြီးမှုအကြောင်း တလုံးမှမပါတာတွေ့ရပါတယ်၊ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပပျောက်ရေးအတွက် မြန်မာနိုင်ငံရဲ့ အဓိက စီးပွါးရေးဖြစ်တဲ့ လယ်ယာကဏ္ဏကို မြှင့်တင်ရမယ်၊ ကမ္ဘာ့ ဆန်အထွက်ဆုံး နိုင်ငံဖြစ်အောင် ကြိုးစားရမယ်၊ လယ်သမားတွေ အတွက်အကျိုးစီးပွါးတွေ ဖန်တီးပေးရမယ်ဆိုတာ မှန်ကန်တဲ့ အကြံပြုချက်ပါ။ ဒါပေမည့် အဲဒီ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရဲ့ အဓိက အားထားရာ၊ ဧရာဝတီမြစ်ကြီး ကို ဘယ်လို ကာကွယ်သင့်တယ်၊ စောင့်ရှောက်သင့်တယ် ဆိုတာတွေ တလုံးတပါဒမှ ဆွေးနွေး၊အကြံပေးတာ မတွေ့ပါ၊ ကျနော်က ဆရာ ဦးမြင့်လို စီးပွါးရေးပညာရှင်မဟုတ်ပေမည့် ဧရာဝတီ ကို မကယ်တင်၊ မကာကွယ် ၊မထိန်းသိမ်းပဲနဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ဖို့မပြောနဲ့၊ လျော့ကျအောင်တောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်၊ ဧရာဝတီမြစ်ကြီးများ မြစ်ဝါမြစ်လို သေဆုံးသွားခဲ့ရင် ကျနော်တို့ပြည်သူတွေဟာ ကုန်းကောက်စရာတောင် ရှိမှာမဟုတ်တော့ဘူးလို့လဲ ပြောချင်ပါတယ်၊ ဒါကြောင့်လဲ ဆရာဦးမြင့်အပါအဝင် ပညာရှင်များက မြန်မာစစ်ခေါင်းဆောင်တွေ ကို မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းကြီးကို ရပ်တန့်ဖို့ ရဲရဲတင်းတင်း တာဝန်သိသိ ပြောသင့်တယ်လို့ တောင်းဆိုချင်ပါတယ်၊

မကြာခင်မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆွေးနွေးပွဲကို နေပြည်တော်မှာ ထပ်မံကျင်းပဦးမယ်၊ အဲဒီ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များကိုလဲ ဖိတ်ကြားမယ်လို့ ကြားသိရပါတယ်၊ ဒီတခါဖြင့် တာဝန်ရှိသူများက တာဝန်သိသိနဲ့ ဧရာဝတီ မြစ်ကြီးကို ကယ်တင်ရေး၊ ကာကွယ်ရေး ရဲရဲရင့်ရင့် ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့၊

(၅) တာဝန်သိသူများက ပြောနေကြပြီ

တာဝန်ရှိသူတွေက မပြောကြသေးပေမည့် တာဝန်သိသူများကတော့ ပြောနေကြပါပြီ၊ ဒီကနေ့ မြန်မာနိုင်ငံတွင်းက လစဉ်ထုတ်၊ အပါတ်စဉ်ထုတ် မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ မှာ ဧရာဝတီမြစ်ကြီးရဲ့ တန်ဘိုးကြီးမားမှု နဲ့ ဧရာဝတီမြစ်ကြီး မပျက်ဆီးအောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်တွေကို ပညာရှင်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ကာတွန်းဆရာတွေ က အင်တာဗျူးတွေ၊ ဆောင်းပါးတွေ၊ ဝတ္ထုတွေ၊ ကဗျာတွေ၊ ကာတွန်းတွေ နဲ့ တင်ပြဆွေးနွေးနေကြပါပြီ၊ စာမဘတ်တဲ့ စစ်ခေါင်းဆောင်တွေ မသိကြရင်တောင်မှ စာဘတ်တဲ့ ပြည်သူတွေ သိနားလည်နေကြပါပြီ၊ တချို့ စာရေးဆရာတွေက စာပေဟောပြောပွဲတွေမှာ လူထုကို ဧရာဝတီမြစ်ကြီး ရဲ့ အတိဒုက္ခတွေ အကြောင်း ရဲရဲတင်းတင်းဟောပြောနေကြပါပြီ၊ အဲဒီ ပုဂ္ဂိုလ်များရဲ့ တာဝန်သိမှု နဲ့ တာဝန်ယူမှုကို ကျေးဇူးတင်မိပြီး အဲဒီလို တာဝန်သိသူတွေ များလာဖို့၊ လူထုရဲ့ သိနားလည်မှုကနေ အင်အားအဖြစ်ပြောင်းလဲပြီး ဧရာဝတီကို ကာကွယ်နိုင်ကြဖို့ မျှော်လင့်မိပါရဲ့၊

အဲဒီ တာဝန်သိသူတွေရဲ့ တင်ပြမှုတွေထဲက တခုကို မျှဝေချင်ပါတယ်၊ အဲဒါက ထင်ရှားတဲ့ စာရေးဆရာ၊ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ဟောပြောချက်ပါ၊ မဂင်္လာဒုံမြို့နယ်မှာ ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်နေ့မှာကျင်းပတဲ့ စာပေဟောပြောပွဲတခုမှာ ပြောခဲ့တာလို့ သိရပါတယ်၊ အဲဒီဟောပြောပွဲမှာ ဆရာမောင်စိန်ဝင်း က ဧရာဝတီမြစ်ကြီးအကြောင်း ကဗျာ နှစ်ပုဒ်နဲ့ တင်ပြခဲ့ပါတယ်။
ဆရာမောင်စိန်ဝင်း က ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံဒေသကို လွန်ခဲ့တဲ့ ၁၅နှစ် (၁၉၉၆ ထင်ပါတယ်) လောက်က ရောက်ဘူးခဲ့တယ်လို့ ဆိုပါတယ်၊ အဲဒီမှာ မြစ်ဆုံရဲ့အလှအပကို သူခံစားကြည်နူးပြီး သူ့အကိုရဲ့ တိုက်တွန်းမှုနဲ့ ကဗျာတပုဒ်ကို တထိုင်ထဲ စပ်မိပါသတဲ့၊ အဲဒီ ကဗျာရဲ့ ခေါင်းစဉ်က "အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ" တဲ့၊ အင်ခိုင်မွန် ဆိုတာက မေခ နဲ့ မလိခ ဆုံတဲ့နေရာမှာ မားမားကြီးတည်ရှိနေတဲ့ တောင်တန်းကြီးရဲ့ အမည်ပါ၊ သူ့ကဗျာ ကို ဆရာမောင်စိန်ဝင်းက ဒီလို ရွတ်ပြပါတယ်၊

"အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ" မေခ နဲ့ မလိခ ဆုံမိကြ ဒီမှာ။ သံယောဇဉ် မြစ်ဆုံဖြစ် ချစ်ကြသောအခါ၊ သမုဒယ မြစ်နှစ်စင်းရဲ့ ချစ်ခြင်းဖွဲ့အလင်္ကာ ဧရာဝတီ ရယ်လို့ဖြစ်၊ ကမ္ဘာတည်သ၍ မြန်မာပြည်ဟေ့ ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့် မြစ်။။။

ကဗျာဆရာက ဧရာဝတီမြစ်ကြီးကို "ကမ္ဘာတည်သ၍ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်" လို့ ရဲရဲဝင့်ဝင့် တင်စားခဲ့ပါတယ်၊ လွန်ခဲ့တဲ့ ၁၅နှစ်ကပါ၊ ကဗျာဆရာက ဆက်ပြောပြပါတယ်၊ ရသစာပေ တခုရဲ့ တန်ဘိုးကို အချိန်ကာလ နဲ့ ဒေသ ပေါ်မှာယှဉ်ပြီး အချိန်တိုင်းမှာ၊ ဒေသတိုင်းမှာ မှန်မှ ကောင်းတယ်လို့ ဆုံးဖြတ်ရတယ်လို့ဆိုပါတယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်က ရေးထားတဲ့ စာတပုဒ်၊ ကဗျာတပုဒ် ဟာ ဒီနေ့ခေတ်နဲ့ မကိုက်ညီတော့ဘူးဆိုရင် အဲဒီ စာဟာ ကောင်းတယ်လို့ မခေါ်နိုင်ဘူး တဲ့၊ အဲဒီလို ပြောပြီး ကဗျာဆရာက ဝမ်းနည်းကြေကွဲစွာ ညီးတွားပါတယ်၊ "ကျနော့် ကဗျာဟာ မကောင်းတော့ပါဘူး" တဲ့။ မနှစ်က (၂၀၁၀ ခုနှစ်) မြစ်ဆုံကို သူ တခေါက်ထပ်ရောက်ပါသတဲ့။ အဲဒီအချိန်မှာတော့ သူ့ရဲ့ "ကမ္ဘာတည်သ၍ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်" ကြီးဟာ နောက်တနှစ်တောင်မှ ခံပါဦးမလား လို့သူ သံသယဖြစ်မိရပါတယ်… တဲ့၊

ကဗျာဆရာက ဆက်ပြောပါတယ်၊ ဧရာဝတီမြစ်ကြီးဟာ မြန်မာပြည်ရဲ့ အသက်သွေးကြောပါ တဲ့၊ ပြီးတော့ မေးခွန်းထုတ်ပါတယ်၊ အဲဒီ အသက်သွေးကြောကြီး မရှိတော့ရင် ကျနော်တို့ ရှိနိုင်ပါဦးမလား၊ မြန်မာပြည်ကြီး ဆက်လက်ရှင်သန်နိုင်ပါဦးမလား၊ အဲဒီ နာကျင်ကြေကွဲစိတ်နဲ့ ကဗျာဆရာက နောက်ထပ်ကဗျာတပုဒ် ကို ရေးပြီး ရွတ်ဖတ်ပြပါတယ်၊ ကဗျာရဲ့ ခေါင်းစဉ်က "မြစ်ကော" တဲ့။

"မြစ်ကော" မြစ်မကောအောင်လို့ သစ်တောတို့ စိမ်းလမ်းရပေမည်၊ ရေဝေတောတွေ ဆိုင်းစို့စို့ မှိုင်းညို့ညို့မှုံရီ၊ ချင်းတွင်း နဲ့ ဧရာဝတီ ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့၊ တတောလုံးပြောင်၊ တတောင်လုံးလင်း မြစ်ကျဉ်းမှာ သောင်တွေပေါ်တော့ နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့ ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား စိုးကြောက်ဖွယ်အပျက်သဘောနဲ့ မြစ်ကောမည့် နေ့။။။

ကျနော်တို့ တိုင်းပြည်ရဲ့ သစ်တောကြီးတွေ၊ အဘိုးတန်သတ္တုတွေ၊ ကျောက်မျက်ရတနာတွေ၊ သဘာဝအရင်းအမြစ်တွေ ကို မြန်မာစစ်ခေါင်းဆောင်တွေက သူတို့ရဲ့ အရှင်သခင် တရုတ်အစိုးရထံ ပဏ္ဏာဆက်သ လာဘ်ထိုးပသနေခဲ့တာ ကုန်သလောက်ရှိနေပါပြီ၊ အခုထပ်ပြီး မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကြီးနဲ့ အခြားမြစ်ကြီးတွေကိုပါ မြန်မာစစ်ခေါင်းဆောင်တွေက တရုတ်အစိုးရထံ လက်ညှိုးထိုး ရောင်းစားလိုက်ပါပြီ၊ ဒါကို ကဗျာဆရာ မောင်စိန်ဝင်း က "ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား" လို့ နာနာကျင်ကျင် ညီးတွားရင်း မြစ်ကြီးတွေ ကောအောင်လုပ်တာဟာ မြန်မာနိုင်ငံပျက်သုံးအောင်လုပ်တာပဲလို့ ရဲရဲရင့်ရင့် စွပ်စွဲလိုက်တာပါ၊ ဆရာ မောင်စိန်ဝင်းလို ဧရာဝတီမြစ်ကြီးဘက်က အမှန်တရားကို ရဲရဲဝံ့ဝံ့ပြောရဲသူတွေ ပို၍ပို၍များလာပါစေ၊ ဒီစကားတွေကို သက်ဆိုင်သူ အာဏာရှင်များလဲ ပြတ်ပြတ်သားသားကြားကြပြီး အမှားပြင်နိုင်ကြပါစေ။

(ဆရာမောင်စိန်ဝင်းရဲ့ ဟောပြောချက် အပြည့်အစုံကို ဒီနေရာမှာ http://www.4shared.com/audio/JhKO0JbZ/MgSeinWin_20110515_ThuTaRaThaS.html နားထောင်နိုင်ပါတယ်၊)

(၆) မြစ်ကြီးနား၊ ငလျင် နဲ့ စက္ကန့် ၂၀

ကျနော့်ရဲ့ ဇူလိုင်လ ၈ရက်နေ့စွဲနဲ့ ဖြန့်ချိခဲ့တဲ့ "ဧရာဝတီကို ကယ်တင်ကြစို့" စာတမ်းမှာ "မြစ်ဆုံဆည်ဟာ စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောကြီးနဲ့ နီးလို့ ငလျင်များလှုပ်ခဲ့ရင် မြစ်ကြီးနားမြို့ကြီးတမြို့လုံး စက္ကန့်၂၀ အတွင်းမှာ ရေအောက်နစ်မြုတ်သွားနိုင်တယ်" လို့ ပညာရှင်များရဲ့ သတိပေးချက်ကို တင်ပြခဲ့ပါတယ်၊ အဲဒီမှာ စက္ကန့်၂၀ ဆိုတာဖြင့် မဖြစ်နိုင်၊ လွန်လွန်းပြီလို့ ဝေဘန်ဆွေးနွေးကြတာတွေကို စာရေးဆရာတယောက်ရဲ့ Face Book စာမျက်နှာမှာတွေ့ရပါတယ်၊ “ဒီလိုဆိုရင် ရေဟာ တနာရီကို မိုင် ၅၄၀၀ လောက်နှုံးနဲ့ စီးဆင်းရမှာမို့ များပြီထင်တယ်”လို့ စာရေးဆရာက ဆိုပါတယ်၊တယောက်ကကျတော့ “မိနစ် ၂၀ ကိုပြောတာထင်တယ်၊ နဲနဲပိုရေးမိသွားတာများလား” လို့ဖြေပါတယ်၊ တယောက်ကကျတော့ “အသံရဲ့မြန်နှုံးကမှ တနာရီကို ၇၆၈မိုင်မို့ ရေရဲ့အမြန်က အသံထက် ၇ဆကျော်မြန်နေပြီ”လို့ ထောက်ပြပြန်ပါတယ်၊ တချို့ကတော့ “အမှားကြီးတခုကို လက်ဆင့်ကမ်း ဖြန့်ဝေလိုက်မိပါပြီ” ဆိုပြီး နောင်တရနေကြပြန်ပါတယ်၊ ကျနော်ကတော့ အံ့ဩမိပါတယ်၊ စက္ကန့်၂၀၊ မိနစ် ၂၀၊ ၂နာရီ၊ နာရီ ၂၀ ဆိုတာက အဓိကမဟုတ်ပါ၊ ငလျင်ဒဏ်ကြောင့် ဆည်ကြီးပြိုကျပြီး မြစ်ကြီးနားမြို့ကြီး ရေအောက်ရောက်နိုင်တယ်ဆိုတာကို သတိပေးခြင်းက အဓိကပါ၊ စက္ကန့်၂၀ ဆိုတာကို သံသယဖြစ်လို့ ကျနော့်စာတမ်း တခုလုံးကို လက်မခံဘူး၊ မယုံဘူးဆိုရင်လဲ ရှိပါစေ၊ သစ်ပင် တပင်ချင်းကို စေ့စေ့စပ်စပ်လိုက်ကြည့်ပြီး သစ်တောအုပ်ကြီး တခုလုံးကို မမြင်သလို ဖြစ်နေပါတယ်၊ စက္ကန့်၂၀ ဆိုတာကို သံသယဖြစ်ဆွေးနွေးနေမည့် အစား မြစ်ကြီးနားမြို့ကြီး ရေအောက်မရောက်အောင် ဘယ်လို အချိန်မီ ကာကွယ်ကြမလဲ ဆိုတာကို အလေးအနက်ဆွေးနွေးကြ၊ တာဝန်ယူဆောင်ရွက်ကြရင် ဘယ်လောက် ကောင်းလိုက်မလဲ၊

ဆည်ကြီးပြိုကျဖို့က ငလျင်ကြောနဲ့ နီးတာအပြင် အခြားအကြောင်းရင်း နှစ်ရပ်ရှိပါသေးတယ်၊ မိုးအကြီးအကျယ်အဆက်မပြတ် ရွာပြီး မြစ်ရေကြီးတဲ့အခါမှာလဲ ဆည်ထဲမှာထိန်းထားနိုင်တဲ့ ရေပမာဏကို အလွန်အကျွံကျော်လွန်ပြီး ရေဖိအားဒဏ်မခံနိုင်ပဲ ဆည်ကျိုးတတ်ပါတယ်၊ ၂၀၀၆ ခုနှစ် မေလမှာ မိုးအကြီးအကျယ်ရွာသွန်းလို့ မြစ်ကြီးနားရဲ့ မြောက်ဘက် ၁၀မိုင် လောက်အကွာမှာရှိတဲ့ ကျိန်ခရန် (Ching Hkrang) ဆည် ပြိုအက်ပြီး ကျိန်ခရန်ရွာ ရေလွှမ်းမိုးခံရပြီး လူ ၅ဦးသေဆုံးခဲ့ရပါတယ်၊

အဲဒီကာလမတိုင်ခင်ကလဲ ဝါရှောင်ဆည်ကြီး ပြိုပျက်ခဲ့ပြီးပါပြီ၊ ကချင်ပြည်နယ်မှာ အဲဒီလို မိုးသည်းထန်စွာရွာသွန်းပြီး မေခ၊ မလိခမြစ်ရေကြီးပြီး ရေလွှမ်းမိုးမှုကို ၁၉၅၀၊ ၁၉၆၀၊ ၁၉၇၉၊ ၁၉၈၀၊ ၁၉၉၇၊ ၂၀၀၄၊ ခုနှစ်များမှာ တွေ့ကြုံခဲ့ရပြီးပါပြီ၊ ၁၉၇၉ ခုနှစ်ရေလွှမ်းမိုးမှုမှာ မြစ်ကြီးနားမြို့ တမြို့လုံးနီးပါး ရေမြုတ်ခဲ့ပါတယ်၊ နောက်တကြောင်းကတော့ တရုတ် ဆည်များရဲ့ အရည်အသွေးညံ့ဖြင်းမှုကြောင့်ပါ၊ တရုတ်ပြည်မှာ ၁၉၇၅ ခုနှစ် ဩဂုတ်လမှာ ရှင်မန်တန် (Shimantan) နဲ့ ဘန်ကျောင် (Banqiao) ဆည်ကြီး တွေ ပြိုလဲတော့ အဆောက်အအုံ ၆သန်းကျော်ပျက်ဆီး၊ လူ ၁၁သန်းကျော် အိုးအိမ်မဲ့ ဖြစ်ပြီး လူ နှစ်သိန်း ၄သောင်းကျော် သေဆုံးခဲ့ရပါတယ်၊
ဒီတော့ မြစ်ဆုံဆည်ကြီးပြိုကျဖို့က မိုးကြီးပြီး မြစ်ရေလွှမ်းလို့၊ ဆည်ရဲ့အရည်အသွေးညံ့ဖြင်းလို့ နဲ့ ငလျင်လှုပ်လို့ စတဲ့ အကြောင်းသုံးပါးထဲက တကြောင်းကြောင်းဖြစ်စေ၊နှစ်ကြောင်းစုံလို့ဖြစ်စေ၊ သုံးကြောင်းစလုံးပေါင်းစုံလို့ဖြစ်စေ၊ ဖြစ်လာနိုင်တဲ့ ကိစ္စပါ၊ ကျိန်ခရန်ဆည်၊ ဝါရှောင်ဆည်များထက် အဆပေါင်းများစွာ ကြီးမားလှတဲ့ ဆည်ကြီးမို့ ဒီဆည်ကြီး ကျိုးပျက်ခဲ့ရင်ဖြင့် (စက္ကန့်၂၀ မှာဖြစ်စေ၊ မိနစ် ၂၀ မှာဖြစ်စေ၊ ၂နာရီမှာဖြစ်စေ) ဆည်ကြီးအောက်ခြေမလှမ်းမကမ်းက မြစ်ကြီးနားမြို့ကြီး ရေအောက်ရောက်သွားရုံမက ရေထဲမျောပါ ပျက်စီးသွားမှာပါ၊

DISSENT ဆိုတဲ့ စာစောင် ရဲ့ ၂၀၁၁ ခုနှစ်ဆောင်းကူး/ဆောင်းရာသီ ထုတ် (AUTUMN/WINTER 2011) မှာ Melody Kemp ရေး တဲ့ KACHIN CAPERS ဆိုတဲ့ ဆောင်းပါးမှာ၊ စာမျက်နှာ ၃၂မှာ ဟောဒီလို ရေးထားပါတယ်၊ “တကယ်လို့များ ကမ္ဘာမြေကြီးက ရွေ့လျားပြီး (မြစ်ဆုံ)ဆည်ပြိုလဲခဲ့ရင် မြစ်အောက်ပိုင်းမှာတည်ရှိတဲ့ လူ တစ်သိန်း ခွဲကျော်နေထိုင်တဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော်ကြီးဟာ စက္ကန့် ၂၀ အတွင်းမှာ ပျောက်ဆုံး သွားလိမ့် မယ်” (If the earth moves and the dam collapses, the downstream capital of Kachin State, a city of over 150,000, would disappear in 20 seconds.)၊ Melody Kemp က ဩစတြေလျ လူမျိုးစာရေးဆရာမ တယောက်ဖြစ်ပြီး အာရှတိုက်မှာ အနှစ် ၂၀ကျော်နေထိုင်နေသူဖြစ်ပါတယ်၊ သူမဟာ အင်မတန် ဩဇာကြီးမားတဲ့ အမေရိကန် ပါတ်ဝန်းကျင်ဆိုင်ရာ သတင်းအဖွဲ့အစည်း (U.S. Society for Environmental Journalism) ရဲ့ အဖွဲ့ဝင်တယောက်လဲ ဖြစ်ပါတယ်၊

(၇) အမျိုးသားရေးလှုပ်ရှားမှု

ဧရာဝတီကိုကယ်တင်ရေး၊ မြစ်ဆုံဆည်တည်ဆောက်ရေးကို ကန့်ကွက်ဟန့်တားရေးဟာ အမျိုးသားရေးလှုပ်ရှားမှုကြီးဖြစ်တယ်လို့ ကျနော် ပြောခဲ့ပါတယ်၊ ကျနော်တို့အားလုံး ညီညာဖျဖျ လှုပ်ရှားကြမယ်ဆိုရင် ဒီအမျိုးသားရေးလှုပ်ရှားမှုကြီးကနေ ဧရာဝတီ ကို ကယ်တင်နိုင်ရုံ၊ ကာကွယ်နိုင်ရုံမျှမက ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအောင်ပွဲများပါ ရရှိနိုင်မယ်လို့လဲ ကျနော် လေးလေးနက်နက်ယုံကြည်ပါတယ်၊ ဒီလှုပ်ရှားမှုကြီးကနေ နိုင်ငံတကာမှာ တရုတ်အစိုးရက မြန်မာနိုင်ငံကို ကိုလိုနီပြုနေမှု၊ မြန်မာပြည်သူများရဲ့ အကျိုးစီးပွါးကို တိုက်ရိုက်ဖျက်ဆီးနေမှုတွေကို လူသိရှင်ကြား ကန့်ကွက်ရှုံ့ချနိုင်ပါလိမ့်မယ်၊ မြန်မာပြည်သူများရဲ့ မကျေနပ်မှု၊ နိုင်ငံတကာမိသားစုကြီးရဲ့ ဝေဘန် ရှုံ့ချမှုတွေအောက်မှာ တရုတ်အစိုးရဟာ သူ့ရဲ့ မြန်မာပြည်သူများအပေါ်အနိုင်အထက်ပြုကျင့်မှုကို ရပ်တန့်လာနိုင်ပါတယ်၊ ပြီးတော့လဲ ပြည်တွင်းမှာ ပြည်သူတွေက၊ ဆရာမောင်စိန်ဝင်းလို တာဝန်သိသူတွေက မြန်မာစစ်ခေါင်းဆောင်တွေကို "ကိုယ့်သွေးကို ကိုယ်ပြန်မသောက်ကြဖို့"၊ "အမိနိုင်ငံရဲ့ အသက်သွေးကြောကို ရောင်းမစားဖို့"၊ ပိုပြီး ရဲရဲရင့်ရင့်၊ ကျယ်ကျယ်လောင်လောင် တောင်းဆိုဖိအားပေးနိုင်ကြမယ်ဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေလဲ သူတို့ရဲ့ တရုတ်အစိုးရအပေါ် အလွန်အကျွံမှီခိုနေရမှုတွေကို ပြန်လည်စဉ်းစားသုံးသတ်ပြီး ရှက်တတ်လာနိုင်ပါတယ်၊ ဒီ မြစ်ဆုံရေကာတာကြီးကို ဆက်ဆောက်နေသ၍ ကချင်ပြည်သူများ၊ မြန်မာပြည်သူများရဲ့ ကန့်ကွက်ရှုံ့ချမှူကို သူတို့ ဆက်လက် ရင်ဆိုင်နေရမှာဖြစ်သလို ကချင်လွတ်မြောက်ရေးတပ်မတော် နဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေကိုလဲ ရပ်တန့်နိုင်မှာမဟုတ်ပါ၊ ကျနော်တို့ရဲ့ ဧရာဝတီ ကာကွယ်ရေး အမျိုးသားလှုပ်ရှားမှုကြီးက မြန်မာစစ်ခေါင်းဆောင်တွေကို တရုတ်သစ္စာခံပြီး တရုတ်လိုသမျှ ပေးနေရတာထက် မြန်မာနိုင်ငံသားအချင်းချင်း မကျေလည်မှုတွေကို ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းဖြေရှင်းကြရင် တရုတ်အပါအဝင် ဘယ် နိုင်ငံခြားအစိုးရကိုမှ ကြောက်မနေရပဲ ဂုဏ်သိက္ခာရှိရှိ၊ "ကမ္ဘာတည်သ၍၊ မြန်မာပြည် ဟေ့ရယ်လို့ ကြွေးကြော်ပြီး" ရပ်တည်နိုင်မှာ ဖြစ်ကြောင်း သိမြင်လာစေနိုင်မှာဖြစ်ကြောင်းပါ၊ ၊။

လေးစားစွာ
အောင်ဒင်
ဩဂုတ် ၂၊ ၂၀၁၁
aungdin@uscampaignforburma.org

Save Irrawaddy

on Friday, July 22, 2011

ဧရာဝတီကို ကယ်တင်ပါ




သူငယ်ချင်းတို့ရေ.....
အခု မြစ်ဆုံမှာ ရေကာတာကြီး ဆောက်တော့မယ်......
အဲဒီစီမံကိန်းကြောင့် ငါတို့နိုင်ငံမှာ ဘာအကျိုးကျေးဇူးမှ မရှိဘူး
အဲဒီစီမံကိန်းကြောင့် ဧရာဝတီမြစ်ကြီး ပျောက်ကွယ်သွားနိုင်တယ်
ငါတို့တွေ ၀ိုင်းပြီး ကန့်ကွက်ရမယ်.....

ငါတို့တွေ အပြင်မှာ ဆန္ဒပြလို့မရပေမယ့် Facebook မှာ လွှတ်လပ်စွာ ဆန္ဒပြလို့ရတယ်...
ဧရာဝတီကို တကယ်ချစ်ရင် သူငယ်ချင်းရဲ့ profile picture မှာ ဒီပုံလေးကို August လ တစ်လလုံး တင်ထားပေးပါ.......

မှတ်ချက်။ ။ ဧရာဝတီ လုပ်ရှားမှုကို ဘယ်အဖွဲ့အစည်း ဘယ်သူ တစ်ဦးတစ်ယောက်က မှ ခိုင်းတာ မဟုတ်သလို၊ ဘယ်သူ့ဆီကမှ အခကြေးငွေရယူထားခြင်းလည်း မရှိပါဘူး။ နောက်ကိုလည်း ယူဖို့မရှိပါဘူး။ ဧရာဝတီကို ချစ်တဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ.......

စစ်ဖြစ်​နေသည့်​ကြား​က မြစ်ဆုံ​ရေကာတာ ဆက်​ဆောက်

Sunday, July 17, 2011


by ဒီဗွီဘီ

ကချင်ပြည်လွတ်လပ်​ရေး​ အဖွဲ့​ (​ကေအိုင်အို)နဲ့​ မြန်မာစစ်တပ်​တွေအကြား​ တိုက်ပွဲ​တွေ ဖြစ်​နေတဲ့​ကြား​က ဧရာဝတီမြစ်ဆုံ​ရေကာတာစီမံကိန်း​ကို ဆက်လက်တည်​ဆောက်​နေပြီး​ လိုအပ်တဲ့​ ​ဆောက်လုပ်​ရေး​ပစ္စည်း​တွေ ဒီက​နေ့​ မနက်ပိုင်း​က ဗလမင်း​ထင်တံတား​ကို ​ရောက်ရှိလာပါတယ်။

တရုတ်ပြည် ထိန်ချုံး​မြို့​မှတဆင့်​ ကန်ပိုက်တီး​-မြစ်ကြီး​နား​ လမ်း​ကြောင်း​အတိုင်း​ ​ဆောက်လုပ်​ရေး​ပစ္စည်း​တွေ တင်ထား​တဲ့​ ကား​တွေ ဒီက​နေ့​ မနက်ပိုင်း​က မြစ်ကြီး​နား​ အ​ရှေ့​ဖက်ကမ်း​ ဗလမင်း​ထင်တံတား​ကို ​ရောက်ရှိလာတာလို့​ မြစ်ကြီး​နား​ဒေသခံတဦး​က ​ပြောပါတယ်။

“မနက်က ဗလမင်း​ထင်တံတား​ထိပ်မှာ ဧရာဝတီမြစ် ​ရေကာတာ စီမံကိန်း​မှာ အသုံး​ပြုတဲ့​ ကား​အစီး​ ၂ဝ၊​ ၃ဝ ​လောက် ​တွေ့​ခဲ့​တယ်။ မြစ်ဆုံ​ရေကာတာမှာ အသုံး​ပြုတဲ့​ ​ဆောက်လုပ်​ရေး​ပစ္စည်း​တွေ၊​ သံ​ချောင်း​တွေပါတယ်၊​ သံယက်မ​တွေ အဲလိုမျိုး​ ပါတယ်။ ကန်ပိုက်တီး​လမ်း​က​နေ လာခဲ့​တာ။ ”

ဝိုင်း​မော်မြို့​နယ်၊​ ဝါး​ရှောင်​ကျေး​ရွာအထက်က တံတား​တစင်း​ မ​နေ့​က ဗုံး​ခွဲ ဖျက်ဆီး​ခံခဲ့​ရသည့်​ကြား​က အခုလို မြစ်ဆုံ​ရေကာတာစီမံကိန်း​က ကား​တွေ ဖြတ်သန်း​ လာတာလည်း​ ဖြစ်ပါတယ်။

“ဝါး​ရှောင်အထက်မှာ မ​လောင်ခတံတား​ဆိုတာ ​ပေ​ပေါင်း​ ၁၃ဝ၊​ ၁၄ဝ ​လောက်ရှိတယ်။ ကွန်ကရက်တံတား​ကြီး​လေ။ အဲဒါကို ဘယ်သူခွဲတယ်မသိဘူး​။ မ​နေ့​ညက ခွဲတာ​ပေါ့​။ အ​ပေါက်​တွေ ဖြစ်သွား​တာ။ မိုင်း​ခွဲလိုက်တာ ဒီ​လောက် အ​ပေါက်​တွေဖြစ်တဲ့​ကြား​မှာ ဧရာဝတီမြစ်စီမံကိန်း​က ကား​တွေက မြစ်ကြီး​နား​အဝင်မှာ ကျ​နော်​တွေ့​ခဲ့​တာ။ ​တွေ့​ခဲ့​တယ်ဆို​တော့​ စစ်ဘယ်​လောက်ဖြစ်ဖြစ် စီမံကိန်း​ကို ဆက်လုပ်မယ့်​အ​နေအထား​ရှိတယ်။ မ​နေ့​ညက လာပုံ​ထောက်တယ်။ သူတို့​မ​ရောက်ခင် တံတား​က မိုင်း​ခွဲလိုက်တာ။ မိုင်း​ခွဲလိုက်တာကို သူတို့​က ​ရောက်​အောင် ဖြတ်ခဲ့​တာ​ပေါ့​။ အ​ပေါက်ပဲဖြစ်ခဲ့​တာ​ကြောင့်​၊​ တံတား​ကျိုး​အောင် မလုပ်တဲ့​ခါကျ​တော့​ ဖြစ်လို့​ရသွား​တာ။”

ဧရာဝတီမြစ်ဆုံ​ရေကာတာ မတည်​ဆောက်ရန် ​ဒေသခံ ကချင်​ခေါင်း​ဆောင်​တွေ၊​ ​ဒေသခံရွာသား​တွေအပါအဝင် ​ကေအိုင်အိုက မြန်မာအစိုး​ရကို ​တောင်း​ဆိုခဲ့​သလို တရုတ်-မြန်မာ နှစ်နိုင်ငံပါဝင်တဲ့​ ပညာရှင်အဖွဲ့​ကလည်း​ မြစ်ဆုံ​ရေကာတာ ​ဆောက်လုပ်ရင် ဖြစ်​ပေါ်လာမယ့်​ဆိုး​ကျိုး​တွေ ကြီး​မား​တာမို့​ မ​ဆောက်လုပ်ဖို့​ စာတမ်း​ပြုစုတင်ပြတဲ့​ကြား​က မြန်မာအစိုး​ရနဲ့​ တရုတ်ကုမ္ပဏီ​တွေက တည်​ဆောက်​နေတာလည်း​ ဖြစ်ပါတယ်။

ပညာရှင်များ တားမြစ်သည့်တိုင် မြစ်ဆုံ ရေကာတာကို ဆက်ဆောက်မည်


တရုတ်ပိုင် China Power Investment (CPI) ကော်ပိုရေးရှင်းမှ ရန်ပုံငွေ ထောက်ပံ့ပြီး မြန်မာနှင့် တရုတ် ပညာရှင်များပါဝင်သော လေ့လာရေးအဖွဲ့က ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဆက်လက် အကောင်အထည် မဖော်ရန် အကြံပေးထားသော်လည်း CPI က ဆက်လက် လုပ်ဆောင်သွားမည်ဟု သိရသည်။ စာမျက်နှာ ၉၄၅ မျက်နှာရှိ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု အကဲဖြတ်ချက် အစီရင်ခံစာတွင် ဤမျှကြီးမားသော ရေကာတာကြီးကို ဧရာဝတီမြစ်တွင် ဆောက်ရန် မသင့်လျှော်ဟု အကြံပြုခဲ့သည်။ CPI သည် ဧရာဝတီမြစ်နှင့် မြစ်လက်တက် တလျှောက်တွင် ရေကာတာကြီး ၇ ခု ဆောက်လုပ်ရန် စီမံကိန်းချထားသည်။

မြစ်ဆုံ ရေကာတာကို ထောက်ခံတာ ဒီတစ်ခါပဲ တွေ့ဖူးတယ်

၂၀၁၉ ခုနှစ် တွင်ပြီးစီး မည့် မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်း ကြောင့် ဧရာ ၀တီ မြစ်ဝကျွန်းပေါ် ဒေသ အား ရေလွှမ်း မိုးမှု ဒဏ်မှ ကာကွယ်နိုင်ပြီး လျှပ်စစ် ဓာတ် ထုတ်လုပ် သုံးစွဲနိုင်ခြင်း အပါအ၀င် အခြား အကျိုး ကျေးဇူး များစွာ ရရှိနိုင် ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အတွင်း ရေးမှူး၊ ဆည်မြောင်း ဦးစီး ဌာနမှ အငြိမ်း စား ညွှန်ကြား ရေးမှူး ပါမောက္ခ ဦးခင် မောင်ချစ် ၏ ပြောပြချက် အရ သိရသည်။

မြစ်ဆုံ ရေအား လျှပ်စစ် ထုတ်လုပ် ခြင်း စီမံကိန်း ကြောင့် ဧရာဝတီ မြစ်ဝကျွန်း ပေါ် ဒေသ ရေလွှမ်းမိုး ဒဏ်မှ ကာကွယ် နိုင်ခြင်း၊ လျှပ်စစ်ဓာတ် ထုတ်လုပ် သုံးစွဲ နိုင်ခြင်း၊ ကြီးမားသော ရေကန်ကြီး များ ကြောင့် ငါးမျိုး ပေါက်ပွားမှု များလာခြင်း၊ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ ပိုမို ဖွံ့ဖြိုး တိုး တက် လာနိုင်ခြင်း၊ မြစ် အတွင်း တန်ချိန် များသည့် သင်္ဘောများ သွားလာ နိုင်ခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိ နိုင်ကြောင်း သိရ သည်။
“မြစ်ဆုံ ဆည် တည်ဆောက် ခဲ့တာ က ဧရာဝတီ မြစ်အောက် ပိုင်းမြစ်ဝကျွန်း ပေါ် ဒေသကို ရေကြီးမှု ဒဏ်မှ ကာကွယ် ရန်နဲ့ လျှပ်စစ် ဓာတ်အား ထုတ်လုပ် သုံးစွဲ နိုင်ဖို့ အတွက်ပါ။ နွေရာသီ မှာ လျှပ်စစ် ဓာတ်အား ထုတ်လုပ် တဲ့ ရေကြောင့် ဧရာ ၀တီမြစ် ရေတိမ်၊ ရေကြောင်း ကျပ်မှုဖြစ် စဉ် တွေကို သက်သာ လျော့နည်း စေပြီး မြစ်တစ် လျှောက် ဘေး ဘယ်ညာ မှာရှိတဲ့ လယ်ယာ မြေတွေ အတွက် အမြင့် တင်ရေ ရရှိ နိုင်ပြီး သုံး သီးစား အနေနဲ့ စိုက်ပျိုး ထုတ်လုပ် နိုင်မှာပါ။ မြစ်ညာ ပိုင်းရှိ ဆည် တွေ ဖြစ်တဲ့ မြစ်ဆုံ ဆည်၊ မေခဆည်၊ ချင်း တွင်း မြစ်ထမံ သီ ဆည်များ ကြောင့် ပေါ် လာမယ့် recreating site များကြောင့် ဆွဲဆောင်မှု တစ်ရပ် အနေနဲ့လည်း ဖြစ် ပေါ် နိုင်ပါတယ်။ ဒီမဟာ ကန်ကြီး တွေက နေ ငါးပိဿာချိန် သန်း ချီထွက် နိုင်တယ်” ဟု ဦးခင်မောင်ချစ်က ပြောသည်။

၁၉၇၄ ခုနှစ် ဧရာဝတီ မြစ်ရေကြီးမှု ဖြစ်စဉ်တွင် တာမိုင် ၁,၅၀၀ ခန့်သာ ပတ် ကာ ထား ရသော ဧရာဝတီ မြစ်ဝကျွန်း ပေါ် ဒေသ အား ရေလွှမ်း၍ အကြီး အကျယ်ဆုံး ရှုံးမှု များ ဖြစ်ပေါ်ခဲ့ပြီး လူနေ အိမ်ခြေ များ နှင့် စိုက်ပျိုးပြီး စပါးများ၊ လယ်ယာမြေ များ ဆုံးရှုံး ပျက်စီးမှုများ ခဲ့ကြောင်း သိရ သည်။ ထို အချိန် တွင် ဟင်္သာ တစံ နမူနာ ရေမှတ်မှာ ၄၇ ပေ ဖြစ်ပြီး ယခု အခါ မြစ် ဆုံ နှင့် အထက် ဆည်များ သည် မူလစဉ်း စား ထားသည့် အတိုင်း ရေဧက သန်းပေါင်း ၃၀ ကျော် လှောင် နိုင်ပါက အဆိုပါ ဟင်္သာ တ ရေမှတ် သည် ၄၃ ပေထက် မကျော် နိုင် ကြောင်း၊ သို့ဖြစ်၍ ဆိပ်သာ အောက်ပိုင်း ရှိ မြစ်ဝကျွန်း ပေါ် ဒေသ အား ရေကြီးမှု အန္တရာယ် မှ နှစ်စဉ် လိုလို ခြိမ်းခြောက် ခြင်း ခံနေရသည့် ဖြစ်စဉ်များမှ လျော့ပါး ပျောက်ပြယ် သွားစေမည် ဖြစ်ကြောင်း သိ ရသည်။
နွေရာသီတွင် ဧရာဝတီ ရေကြောင်း သည် ပြည် အထက်ဘက် တွင် မတ်၊ ဧပြီ လ များတွင် တန် ၁၀၀ မော်တော် ပင် ဆင်းတက်ရန် အတွက် ရေတိမ် ဒေသဖြစ် ခြင်းနှင့် မြစ်ကြောင်း ကျပ်ခြင်း တို့ကြောင့် အခက် အခဲ ရှိကြောင်း သိရပြီး မြစ်ဆုံ စီမံ ကိန်း ကြောင့် နွေရာသီ တွင် မိုးတွင်းသို လှောင် ထားရေ ဧက ပေသန်း ၃၀ ခန့် အား လျှပ်စစ် ဓာတ်အား ပြန်ထုတ် မောင်း ပေးခြင်း ဖြင့် အဆိုပါ ရေကြောင်း သည် ခြောက်ပေ ထပ်မံ မြင့်တက် လာနိုင်ဖွယ်ရှိ သဖြင့် ဧရာဝတီ မြစ်တွင် တန်ချိန်များ၊ ရေစူးများ သည့် သင်္ဘော များပင် နွေတွင် သွားလာ နိုင်မည် ဖြစ်ကြောင်း ဦးခင်မောင် ချစ်က ဆက်လက် ပြောဆိုသည်။
ဧရာဝတီ အထက် ရေလှောင်ကန် များသည် နွေ ရေကြောင့် မြစ်ရေစစ် ချိန် တွင် cusic ၄၀,၀၀၀ (လေးသောင်း ကုဗပေ/စက္ကန့်) သည် ရေစီး cusic ၃,၀၀,၀၀၀ (သုံးသိန်းကုဗပေ/စက္ကန့်) သို့ တိုး လာမည်ဖြစ်ရာ ဧရာဝတီမြစ်၊ ချင်း တွင်းမြစ်ဝဲ၊ ယာ တို့တွင် အမြင့်တင် လျှပ် စစ်ရေစုပ်စက်ဖြင့် ဧက နှစ်သန်း ကျော် အား သုံးသီးစား စနစ်ဖြင့် စိုက်ပျိုး လာ နိုင်မည် ဖြစ်ကြောင်း သိရသည်။
၂၀၁၁ မြစ်ဆုံ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်း အား ရေအား လျှပ် စစ် အကောင် ထည် ဖော်ရေး ဦးစီး ဌာနနှင့် တရုတ် နိုင်ငံ အစိုးရ ကုမ္ပဏီ များဖြင့် BOT စနစ်ဖြင့် အကောင်အထည် ဖော်ဆောင် ရွက် နေကြောင်း သိရသည်။

မြစ်ဆုံ ဆည် စီမံကိန်း၏ ရေဆင်း ဧရိယာ (catchment area) သည် 18,000 square မိုင်ရှိကြောင်း၊ မြစ်ဆုံ အထက်ပိုင်း တွင် လူနေ ကျဲပါး မှုကြောင့် ရွှေ့ပြောင်းရမည့် အိမ်ခြေနှင့် လူဦးရေ စာရင်းမှာ နည်းပါး မည်ဖြစ်ကြောင်း သိရ သည်။ မြစ်ဆုံ နေရာတွင် ဧရာဝတီမြစ် ရေစီးအား သည် ပျမ်းမျှ တစ်နှစ်လျှင် ဧက ပေသန်း ၉၀ ခန့် ရှိရာ ရေလှောင်ခြင်း ကြောင့် အနည်းဆုံး သန်း ၃၀ မှ ၅၀ ဧက ပေခန့် ရရှိရန် လိုအပ်မည် ဖြစ်ကြောင်း၊ အဆိုပါ တမံများ အောက်ရှိ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် များသည် မကြာခဏ ကြုံ တွေ့ ရသည့် ရေကြီးမှု ဘေးအန္တရာယ် မှ ကင်းလွတ် နိုင်ဖွယ် ရှိကြောင်း၊ ရေကြီးမှု ဖြစ်စဉ် ကြောင့် ရေမြှုပ်ခံ ဧက များမှာလည်း နည်းပါး သွားဖွယ် ရှိကြောင်း နှင့် ကြီးမား သော ရေကန်ကြီး ကြောင့် သဘာဝမျိုးငါး ပေါက်ပွား မှုမှာ များပြား လာနိုင်ကြောင်း ဆရာ ဦးခင်မောင်ချစ်က မြစ်ဆုံ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်း နှင့်ပတ် သက်၍ သုံးသပ် ပြောဆိုသည်။

၂၀၀၆ ခုနှစ် တွင် ဆည်မြောင်း ဦးစီး ဌာနမှ ဧရာ ၀တီ မြစ်ဆုံ ကြံဆ ချက်အရ မြစ်ဆုံ အောက် တန်ဖဲရွာ အနီးတွင် ပေ ၅၅၀ မှ ၆၀၀ အမြင့်ရှိ မြစ်ဆုံ တမံ တွင် ရေလှောင် ဧကပေ ၃၄ သန်းဖြင့် ကြံဆ ခဲ့ကြ ကြောင်း ကိုလည်း ဆည်မြောင်း ဦးစီး ဌာန အငြိမ်းစား ညွှန်ကြားရေးမှူး ကဆိုသည်။
ဒုတိယ ကမ္ဘာစစ် မတိုင်မီ ကတည်း က မြန်မာနိုင်ငံ ၏ အသက် သွေးကြောဟု တင်စား နိုင်သည့် ဧရာဝတီမြစ် အထက် ပိုင်း သင့်လျော်သည့် နေရာ များတွင် တမံ ပိတ်ရေလှောင်ခြင်း ဖြင့် နိုင်ငံ အတွက် အကျိုး ရှိစွာ ကြံဆ ရည်ရွယ် ထားခဲ့ကြောင်း သိရသည်။
ဗိုဟိန်(မြစ်မခ)

မှတ်ချက်။              ။ ဒီလူ ရူးနေလို့ ဒီလို ပြောတာ ဖြစ်လိမ့်မယ်
ဧရာဝတီချစ်သူ

မြစ်ဆုံ ရေအားလျှပ်စစ် လုပ်ငန်းခွင် ဗုံးပေါက်ကွဲ

Saturday, April 17, 2010


VOA | ကချင်ပြည်နယ် မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းကို အကောင်အထည် ဖော်နေတဲ့ Asia World ကုမ္ပဏီရုံးမှာ ဒီကနေ့မနက် အစောပိုင်းက အနည်းဆုံး ဗုံး ၄ လုံးလောက် ဆက်တိုက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးနဲ့ မော်တော်ယာဉ်အချို့ ပျက်ဆီးခဲ့ပါတယ်။ ဒေသခံတွေကတော့ သေဆုံး ထိခိုက်သူတွေ ရှိတယ်လို့ လည်းပြောပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော် က တင်ပြထားပါတယ်။

အခုလို ဗုံးတွေ ဆက်တိုက်ပေါက်ကွဲခဲ့တာကတော့ ဒီကနေ့ မနက်အစောပိုင်း ၂ နာရီ ၄၅ မိနစ် လောက်မှာ ကချင်ပြည်နယ်တွင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒါဟာ ဒီတပတ်အတွင်း မြန်မာပြည်မှာ ဒုတိယအကြိမ်ပေါက်ကွဲတာလည်း ဖြစ်ပါတယ်။ ဒီလိုပေါက်ကွဲတဲ့ နေရာကတော့ မေခနဲ့မလိခ မြစ်ဆုံဒေသမှာ အခြေစိုက်ပြီး ရေအားလျှပ်စစ်စီမံကိန်းကို တာဝန်ယူဆောက်လုပ်နေတဲ့ Asia World ကုမ္ပဏီရုံးအဆောက်အဦမှာ ဖြစ်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ကိုအောင်ဝါက အခုလိုပြောပါတယ်။

"ကျိန်ခရမ် လုံဂါဆိုတဲ့နေရာမှာပဲ။ မြစ်ဆုံရေကာတာ တည်ဆောက်မယ့်နေရာမှာ တန်ဖဲ အောက်ဖက်မှာ၊ ၆ မိုင်အကွာမှာ ရှိတဲ့နေရာမှာ ဖြစ်တယ်။ Asia World ရုံးရှေ့မှာဖြစ်တယ်။ Asia World ကနေ တာဝန်ယူပြီး မြစ်ဆုံရေကာတာ တည်ဆောက်နေတဲ့နေရာ ဖြစ်တယ်။ Asia World ရုံးက နှစ်ထပ်ရှိတဲ့ဟာလည်း ပျက်ဆီးနေပြီ။ အထိအခိုက်တော့ ၁ ယောက်ကနေ ၄ ယောက်အထိ သေတယ်လို့ ကြားနေရတယ်။ ဒဏ်ရာရတာ ၂၀ ကျော်လို့ ကြားနေရပါတယ်။ ဗုံးကတော့ ၃ လုံး အထက်လို့ ပြောနေတယ်။"

မြစ်ကြီးနားဒေသခံ တယောက်ကတော့ ဗုံး ၈ လုံးလောက်ထိ ကွဲတယ်လို့ ကြားသိရပေမဲ့ အသေအပျောက် ရှိတယ်ဆိုတာ မကြားရဘူးလို့ ပြောပါတယ်။

"၈ လုံးလောက်တော့ လို့တော့ကြားတယ်။ ၄ နေရာမှာ ၈ လုံးလောက်တော့ ကြားတယ်။ အထိအခိုက်တော့ မရှိဘူးလို့ ပြောတယ်ရှင့်။ အထိအခိုက်တော့ မရှိဘူး။ တရုတ်ကား ၄ စီးနဲ့ Asia World က ကား ၄ စီးပေါ့နော်၊ အဲလိုမျိုး ပျက်ဆီးသွားတယ်ကြားတယ်။"

မြစ်ကြီးနားမြို့က ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ကျရဲအရာရှိက တစုံတရာ ပြောဆိုဖို့ ငြင်းဆိုပါတယ်။

"ဟုတ်ကဲ့။ ကျနော်တို့က လုံခြုံရေးအရ ပြောခွင့်မရှိလို့ပါခင်ဗျ။"

ဒေသခံတွေကတော့ အခုချိန်ထိ ဗုံးခွဲတဲ့တရားခံကို ဖမ်းဆီးရမိတာမရှိသေးသလို ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာလည်း အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုတာကို မကြားသိရသေးဘူးလို့ ပြောပါတယ်။

နောက်ဆုံး ရရှိတဲ့သတင်းအရဆိုရင် မွန်းလွဲပိုင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း ကိုယ်တိုင် အခင်းဖြစ်ပွားရာနေရာကို သွားရောက် စစ်ဆေးကြည့်ရှုနေပြီး သူသွားရာ လမ်းတလျောက်နဲ့ မြစ်ဆုံဒေသမှာ လုံခြုံရေး အများအပြား ချထားတယ်။ ဒါ့အပြင် ရေကာတည်ဆောက်ရေးမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ တရုတ် နိုင်ငံသား အများအပြားလည်း မြစ်ကြီးနားမြို့ဘက်ကို ပြောင်းရွှေ့နေတယ်လို့ သိရပါတယ်။

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို Asia World ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက China Power Investment Corporation (CPI) တို့က ပူးပေါင်းတည်ဆောက်နေပြီး ရရှိတဲ့ လျှပ်စစ်ဓါတ်အားကိုတော့ တရုတ်နိုင်ငံကို တင်ပို့မှာဖြစ်ပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ပတ်သက်ပြီး စောင့်ကြည့်လေ့လာနေတဲ့ ကချင်သဘာဝ ပတ်ဝန်းကျင် အဖွဲ့ကတော့ ဒီရေကာတာစီမံကိန်းကြောင့် အနည်းဆုံး ကျေးရွာ ၆၀ ကျော် နဲ့ လူ ၃ သောင်းလောက် ပြောင်းရွှေ့ရနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဒေသခံ ကချင်ပြည်သူတွေနဲ့ ဘာသာရေးအသင်းအဖွဲ့တွေက မြစ်ဆုံရေကာတာ တည်ဆောက်မယ်ဆိုရင် သူတို့နေထိုင်ရာ ကျေးရွာတွေ၊ လယ်ယာနဲ့ ဥယျာဉ်ခြံမြေတွေ ရေလွှမ်းမိုးမှာဖြစ်သလို ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေလည်း ပျက်ဆီးရမှာမို့ ရေကာတာ မတည်ဆောက်ဖို့အတွက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေဆီကို စာရေးသားပေးပို့ခဲ့ပါတယ်။ ရေကာတာ မဖြစ်မြောက်ရေးအတွက်လည်း ဆုတောင်းပွဲတွေ ဆုတောင်းပွဲတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြပါတယ်။

ဒေသခံကချင်လူထုတွေက ရေကာတာမတည်ဆောက်ဖို့ ကန့်ကွက်ခဲ့တာကြောင့် အခုလို ဗုံးပေါက်ကွဲချိန်မှာ အာဏာပိုင်တွေက သူတို့အပေါ် ဖိအားပေးလာမှာကိုလည်း စိုးရိမ်နေတယ်လို့ ကိုအောင်ဝါက ပြောပါတယ်။

လွန်ခဲ့တဲ့ သင်္ကြန်အကြတ်နေ့တုန်းကလည်း ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအနီးက X2O ရေကစားမဏ္ဍပ်မှာ ဗုံးသုံးလုံး ပေါက်ကွဲခဲ့တာကြောင့် လူ ၈ ယောက် သေဆုံးပြီး ၁၇၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့ထုတ် ကြေးမှုံသတင်းစာမှာတော့ ဒဏ်ရာရလို့ ဆေးရုံတက်နေသူ လူ ၁၇၀ အနက်က ၅၅ ဦးဟာ သက်သာပြီဖြစ်တာကြောင့် ဆေးရုံကဆင်းသွားကြောင်း ဖော်ပြပေမဲ့ တရားခံကို ဖော်ထုတ်ရမိတယ် ဆိုတဲ့သတင်းတော့ မတွေ့ရသေးပါဘူး။

မြစ်ဆုံ ရေကာတာစီမံကိန်း ဖွင့်ပွဲ ပြုလုပ်မည့်နေ့တွင် ရေကာတာ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်


ကချင်ပြည်နယ် အထက်ပိုင်း၊ ဧရာဝတီ မြစ်ဆုံဒေသတွင် ယနေ့ ပြုလုပ်မည့် ရေအားလျှပ်စစ် စီမံကိန်းဖွင့်ပွဲကို ဆန့်ကျင်သည့် အနေဖြင့် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂက ဦးဆောင်ပြီး ပိုစတာကပ် လှုပ်ရှားမှုများ...

ကချင်ပြည်နယ်အထက်ပိုင်း၊ ဧရာဝတီမြစ်ဆုံဒေသတွင် ယနေ့ပြုလုပ်မည့် ရေအားလျှပ်စစ် စီမံကိန်းဖွင့်ပွဲကို ဆန့် ကျင်သည့်အနေဖြင့် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂက ဦးဆောင်ပြီး ပိုစတာကပ် လှုပ်ရှားမှုများ ယနေ့မနက်တွင် ပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့တွင်း ရပ်ကွက်နှင့် မြစ်ကြီးနားမြို့အထက်ပိုင်း အူဗျစ်၊ အာလန်၊ ဒွန်ဂန်၊ ကျိန်ခရမ်၊ လုံဂါစွပ်၊ တန်ဖဲ ကျေးရွာတို့တွင် မြစ်ဆုံရေကာတာ စီမံကိန်း ဆန့်ကျင်သည့် ပိုစတာကပ်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

အေဖိုးဆိုဒ်စာရွက်တွင်  မြစ်ဆုံရေကာတာ အလိုမရှိ၊ အေးရှားဝေါလ်၊ CIP အလိုမရှိ စသည်များကို ဆော့ပင်ဖြင့် ရေးသားကာ အဆိုပါ ဒေသများအတွင်း ကပ်ခဲ့ကြသည်ဟု ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂက တာဝန်ရှိသူ ကျောင်းသားတဦးက ပြောသည်။

“ဒီကနေ့က လုံဂါစွပ်ကျေးရွာမှာ ရေကာတာစီမံကိန်း ဖွင့်ပွဲလုပ်တယ်။ အဲဒါကြောင့် အထက်ပိုင်းမှာ ရှိတဲ့ အူဗျစ်၊ အာလန်၊ ဒွန်ဂန်၊ ကျိန်ခရမ်၊ လုံဂါစွပ်၊ တန်ဖဲ ကျေးရွာ တွေနဲ့ မြို့တွင်းမှာ မြစ်ဆုံရေ ကာတာ အလိုမရှိ၊ အေးရှားဝေါလ်၊ CIP အလိုမရှိ၊ အောက်မှာ AKSU ဆိုပြီး ရေးထားတဲ့ စာရွက်တွေ ကို ကပ်ခဲ့တယ်။ ဖွင့်ပွဲကတော့ ဒီမနက် လုံဂါစွပ်မှာ လုပ်မှာ။ အဆောက်အဦ အကြီးကြီး ဆောက်ထား ပြီးပြီ။”

ယနေ့ပြုလုပ်မည့် မြစ်ဆုံရေကာတာ စီမံကိန်းဖွင့်ပွဲသို့ ဒေသခံလူထုများကို မတက်မနေရ တက်ခိုင်းသည်ဟု အဆိုပါ ကချင်ကျောင်းသားက ပြောသည်။

“အဲဒါကို ကျေးရွာတွေက လူ(၅ဝ)စီ မတက်မနေရ ခေါ်ထားတယ်။ ကချင်ဝတ်စုံနဲ့ပေါ့၊ ရိုးရာဝတ်စုံ တွေနဲ့၊ လီးဆူဆို လီစူး ဝတ်စုံပေါ့၊ မတက်ရင် လျော်ကြေးလုံးဝ မပေးဘူးလို့ ပြောနေတယ်။ မြစ်ကြီး နားမြို့နယ် မယကက အမိန့်နဲ့ တက်ခိုင်းနေတယ်။”

မြစ်ဆုံရေကာတာ စီမံကိန်းကို အေးရှားဝေါလ်ကုမ္ပဏီနှင့် China power Investment (CPI) ကုမ္ပဏီတို့က တာဝန်ယူ ဆောက်လုပ်မည် ဖြစ်ပြီး အဆိုပါ စီမံကိန်းကြောင့် ဒေသအတွင်းရှိ ကျေးရွာများနှင့် ဥယျာဉ်ခြံမြေများ ရေလွှမ်းမိုးမှုခံရမည်ဖြစ်သည်။

ဒေသခံများ၏ နစ်နာမှုအတွက် ကုမ္ပဏီများက လျော်ကြေးပေးမည်ဟု ပြောဆိုထားသော်လည်း မည်မျှ လျော်ပေးမည်ဆိုသည်ကို ယနေ့အချိန်အထိ မပြောသေးပါ။

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ကချင်တိုင်းရင်းသားများ အထူးတန်ဘိုးထားသည့် မြစ်ဆုံဒေသ ပျောက်ကွယ်သွားမည်ဖြစ်သလို လူနေအိမ်များ နေရာရွေ့ပြောင်း ပေးရမည့် အပြင် ဒေသခံတို့၏  ဥယျာဉ်ခြံများ ဖျက်ဆီးခြင်း ခံရမည် ဖြစ်သည့်အတွက်  ဒေသခံလူထုများ မကျေမနပ်ဖြစ်နေကြသည်။

ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂကလည်း မကြာခဏဆိုသလို မြစ်ဆုံရေကာတာ ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်နေခဲ့သည်။

Save the Irrawaddy အကြောင်း

Save the Irrawaddy သည် မည်သည့် အဖွဲ့စည် မည်သူတစ်ဦးတစ်ယောက်၏ လက်အောက်ခံ မဟုတ်ပါ။ ဧရာဝတီကို မြစ်ကို ချစ်သော မြန်မာနိုင်ငံသား တစ်ယောက်၏ ခံစားချက် သက်သက်သာ ဖြစ်ပါသည်။ ဧရာဝတီကို ချစ်သူ မည်သူမဆို ပူးပေါင်းပါဝင်နိုင်ပါသည်........

မြစ်ဆုံဆည်ကို ဘာကြောင့်ကန့်ကွက်တာလဲ


တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တက္ကသိုလ် ဘာကလေက ဦးမင်းဇင်ကို မြစ်ဆည်ရဲ့ ကောင်းကျိုး ဆိုးကျိုးများ အကြောင်းကို
VOA က ဆက်သွယ်မေးမြန်းထားတာပါ။

ဦးသန်းလွင်ထွန်း ။ ။ ကချင်ပြည်နယ် မြစ်ဆုံမှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး ရေကာတာကြီးဟာ အလွန်အန္တရာယ်ကြီးမားတဲ့အတွက် လုပ်ငန်းဆက်လက် မလုပ်ဆောင်သင့်ကြောင်း လေ့လာချက်အစီရင်ခံစာတခုက ၂၀၀၉ ခုနှစ်ကတည်းက အဆိုပြုထားပေမယ့် ဒီလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံထားတဲ့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရဘက်ကပါ လစ်လျူရှုခဲ့ပါတယ်။ တရုတ်နဲ့ မြန်မာပညာရှင်တွေ ကွင်းဆင်းလေ့လာပြီး တင်ပြခဲ့တဲ့ ဒီအစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပါဘူး။ ဒီ အစီရင်ခံစာကို မကြာခင်ကမှ ရရှိဖတ်ရှုခဲ့ရတယ့် တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသန ပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင်း က ဗွီအိုအေ ကို အောက်ပါအတိုင်း ပြောဆိုပါတယ်။

ဦးမင်းဇင် ။ ။ ပထမဆုံး တွေ့တာကတော့ စာမျက်နှာ (၉၀၀) ကျော်လောက်ဆိုတော့ ချက်ချင်း မဖတ်ဖြစ်ဘူး။ နောက်တော့ ဖတ်ကြည့်လိုက်တဲ့အခါမှာ အစောပိုင်းကလည်း သိပ်ပြီးတော့ တရုတ်ပညာရှင်တွေက အဓိကရေးတယ်ဆိုတော့ စိတ်ထဲမှာလည်း တရုတ်ပြည်ဆိုတော့ သာသာထိုးထိုး ရေးမှာပဲဆိုပြီး ကျနော်က ယူဆထားတာ။ အဲဒီ ယူဆချက်နဲ့ ဖတ်တာ ဖတ်ရင်းနဲ့ တခါမှ မကြားဘူးတဲ့ အချက်အလက်တွေ သိခဲ့ရတယ်။

ဥပမာ ဒီ မြစ်ဆုံရေကာတာ (၇) ခု ဆောက်တဲ့အထဲမှာ ရေကာတာ တခုတည်းကိုက စင်္ကာပူထက် ပိုပြီးကြီးတယ်။ နယူးရော့ခ်မြို့ ကြီးတမြို့ စာလောက်ရှိတယ်။ ကမ္ဘာပေါ်မှာ (၁၅) ခုမြောက် အကြီးဆုံး ရေအားလျှပ်စစ် ရေကာတာကြီးဖြစ်မယ်။ ဒါမျိုးတွေ ကြားရတယ်။ အဲဒါမျိုးကြားရတဲ့အပြင် အဆိုးဆုံး ကြားရတာက အခုနပြောသလို ဒီကရမယ့် ရေအားလျှပ်စစ်ကို တစ်ရာ ရာခိုင်နှုန်းလုံး တရုတ်ပြည်ကပဲ အကျိုးကျေးဇူးရမယ်။ ဒီဖက်နောက်ပိုင်း သတင်းကြားရတာက ၉၉% တရုတ်ပြည်ဖက်ကို ရောင်းပြီး မြန်မာပြည်ကိုတော့ ၁% ပြန်ရောင်းမယ်လို့ သတင်းကြားရတယ်။

အဲဒီလိုမျိုးဟာတွေ ကြားရတယ်။ ပိုဆိုးတာက ဒီ ရေကာတာကြီးဟာ စစ်ကိုင်းပြတ်ရွေ့ ကြော လို့ခေါ်တဲ့ ငလျင်ကြောကြီးနားမှာ ရှိတယ်။ ဒီဟာကလည်း အာရှတိုက်မှာ ငလျင်တွေ မကြာခဏ လှုပ်တဲ့အတွက်မို့ ဒီဟာက အန္တရာယ်များတယ်လို့ ပညာရှင်တွေက သုံးသပ်ကြတယ်။ ဒီ ငလျင်ကြောကြီးက ပျက်ရွေ့ ကြောကြီးက တခုခုများ ဖြစ်ခဲ့ရင် ရေကာတာကြီး ပြိုသွားနိုင်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ရေကာတာ ရေလှောင်ကန်ကြီးက အခုနပြောသလို စင်္ကာပူနိုင်ငံထက်ကြီးတဲ့အခါကြတော့ အဲဒီလောက်ကြီးတဲ့ဟာကြီးကနေ ရေပမာဏကြောင့်လည်း ပြတ်ရွေ့ ကြောကိုသွားပြီး လှုံဆော်သလို ဖြစ်နိုင်တယ်။

ဒီလိုဖြစ်ပြီး ရေကြီးလို့ရှိရင် မြစ်ကြီးနားမြို့ ကြီးက စက္ကန့် (၂၀) အတွင်း ရေမြုပ်နိုင်တယ်လို့ ပညာရှင်တွေပြောတာကို ကြားရတော့ အင်မတန်မှပဲ တုန်လှုပ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ လေ့လာမှုအစီရင်ခံစာရဲ့  နံမည်ကိုက တည်ဆောက်မယ့် ရေကာတာတွေရဲ့  သဘာဝပတ်ဝန်းကျင်အပေါ်ကို ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်မလဲကို ကြိုတင်ခန့်မှန်းချက်။ ဒီလို သဘာဝပတ်ဝန်းကျင်ပေါ် သက်ရောက်မှုကြိုတင်ခန့်မှန်းချက်တွေကို တကယ်တမ်းကြတော့ အကုန်အကျခံပြီးတော့ အစီရင်ခံစာရေးခိုင်းတာလည်း China Power Investment Cooperation ခေါ် CPI ကော်ပရေးရှင်းကပဲ လုပ်တာဆိုတော့ ဒီ ကော်ပရေးရှင်းအနေနဲ့ မူလ ရည်မှန်းချက်ဖြစ်တဲ့ ဒီလို လေ့လာမှုတွေလုပ်ခိုင်းပြီးတော့ ဒီ လေ့လာမှုအစီရင်ခံစာကနေ ကြိုတင်ခန့်မှန်းပြီး တင်ပြတဲ့အချက်တွေကို လိုက်နာရမယ့် တာဝန် သူတို့မှာ မရှိဘူးလား။

ဦးမင်းဇင် ။ ။ ကျနော်သိသလောက်တော့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့မှာ ဒီလိုမျိုးဟာတွေကို လိုက်နာဖို့အတွက် တာဝန်ခံထားတာ မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ဒီ အစီရင်ခံစာကလည်း ယေဘုယျ လိုက်နာရမယ့် စမ်းစစ်တဲ့အချက် (၁၀) ချက် ရှိပါတယ်။ အဲဒီ အချက် (၁၀) ချက်ထဲမှာမှ အချက် တစ်ခုကိုပဲ စမ်းစစ်ရသေးတာဖြစ်ပါတယ်။ အဲဒီ ရေကာတာဆောက်မယ့် ဧရီယာ ပတ်ဝန်းကျင်ကိုပဲ စမ်းစစ်ရသေးတာ ဖြစ်ပါတယ်။ ကျန်တဲ့ မြစ်အကြေပိုင်း ဧရာဝတီမြစ်အကြေပိုင်းတို့၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ပိုင်းတို့ ကျန်တဲ့အကြောင်းအချက်တွေ အများကြီးရှိတယ်။ အဓိကအချက် (၉) ချက်။ အဲဒါတွေကို မလေ့လာရသေးဘူး။

ပထမ တချက်တည်းနဲ့ပင် တရုတ်အစိုးရက အခုနပြောတဲ့ CPI ကလည်း တရုတ်အစိုးရပိုင်း ကုမ္မဏီဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့က တခါတည်း ဒါကတော့ အခြေအနေ မဟန်တော့ဘူးလို့ထင်ပြီး ကျန်တဲ့လေ့လာမှုတွေကို ဆက်မလုပ်ခိုင်းဘဲ ရပ်လိုက်တာလို့ ကြားသိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ အစီရင်ခံစာ စပြီးထွက်တဲ့ ပြုစုပြီးတဲ့အချိန်က ၂၀၀၉ ခုနှစ်။ အဲဒီ ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ မြစ်ဆုံရေကာတာလုပ်ငန်းတွေကလည်း စတင်နေပြီ။ တခြား ရေကာတာလုပ်ငန်းတွေကလည်း စတင်နေပြီဆိုတော့ ဒီ အစီရင်ခံစာကို လုံးဝလစ်လျူရှုပြီးတော့ အလုပ်တွေကို ဒီအတိုင်းပဲ မျက်စိမှတ်ပြီတော့ လုပ်နေတဲ့သဘောကို ဆိုလိုချင်တာလား။

ဦးမင်းဇင် ။ ။ တချို့ အပိုင်းတွေမှာ လိုက်နာမှုရှိကောင်းရှိလိမ့်မယ်။ ဥပမာ ကျနော်ကြားတာက တရုတ်ပညာရှင်တွေနဲ့ တရုတ်အာဏာပိုင်တချို့ နဲ့ စကားပြောတဲ့အခါမှာ သူတို့ပြောတာက ဥပမာဆိုရင် မြန်မာရွှေ့ ပြောင်းခံရတဲ့ လယ်သမားတွေ၊ ကချင်ဒေသခံ တိုင်းရင်းသားတွေကို လျှော်ကြေးပေးတယ်။ အစီရင်ခံစာကတော့ ၁၀% လောက်တော့ ရင်းနှီးမြုပ်နှံမှုရဲ့  ၁၀% လောက်ကို လျော်ကြေးပေးခိုင်းပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကတော့ ဒါကို ၅% ပေးတယ်လို့ သိရပါတယ်။

ဒါပေမဲ့လည်း တကယ့်တကယ် ပေးတဲ့ငွေတွေကို ဘယ်လိုဖြန့်ဝေသလဲဆိုတဲ့အခါကြတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ သူ့ရဲ့  အာရှ Aisa World ကုမ္မဏီကနေ ဖြန့်ဖြူးတာဖြစ်တဲ့အတွက် လက်တွေ့မှာတော့ ဒေသခံလူထုတွေ ထင်သလောက်မရဘူး။ မရဘဲနဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ပိုများတယ်ဆိုတာကို သတင်းစာဆရာတွေနဲ့ အန်ဂျီအိုသမားတွေက အထောက်အထားနဲ့ တင်ပြတာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါ လူတွေရွှေ့ ပြောင်းခံရတဲ့ကိစ္စအပေါ်မှာပဲ အရေးယူမှု ထည့်တွက်မှု တစိတ်တပိုင်းရှိပြီတော့ အစောက ကိုမင်းဇင်း ပြောတဲ့ အစီရင်ခံစာထဲမှာ ကြိုတင်ပြီး သတိပေးထားတဲ့ ငလျင်ပြတ်ရွေ့ ကြောကြီးပေါ်မှာ ရှိနေတဲ့အတွက် အန္တရာယ်ကြီးမားတဲ့အခြေအနေ။ ဒါမှမဟုတ်လို့ ရေကာတာကြီးဆောက်မယ့် ဧရီယာပမာဏက သိပ်ကြီးမားတော့ ရေကာတာကြီးမှာ စုဆောင်းလာမယ့် ရေကြောင့် ငလျင်ကြောကြီးကို သွားပြီးတော့ လှုံဆော်သလို ဖြစ်သွားနိုင်မယ့် အခြေအနေ။ တကယ်လို့များ ကျိုးပေါက်သွားရင် အကြေ မြစ်ခြေဘက်မှာ ရေလွှမ်းခံရမယ့်အခြေအနေ။ ဒါတွေအကုန်လုံးကိုက ပြည်သူလူထုကိုရော လူသိရှင်ကြား အသိပေးမှုတွေ၊ ဒါမှမဟုတ် ကြိုတင်တိုင်ပင်မှုတွေ မရှိဘူးလား။

ဦးမင်းဇင် ။ ။ ဒီ အစီရင်ခံစာရဲ့  သူတို့ပြောတဲ့ အရေးကြီးဆုံး အကြံပြုချက်က ဘာလဲဆိုတော့ ရေကာတာ (၇) ခု ဆောက်မယ့် စီမံကိန်းကို လုံးဝဖျက်သိမ်းပါလို့ အကြံပြုပါတယ်။ အကယ်၍ မဖျက်သိမ်းနိုင်လို့ ဆက်ဆောက်ချင်တယ်ဆိုရင်(၇) ခု ဆောက်စရာမလိုဘူး။

အထူးသဖြင့် မြစ်ဆုံမှာ ဆောက်စရာမလိုဘဲနဲ့ မေခ-မလိခ နေရာမှာ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်လို့ရပါတယ်။ အဲဒီ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်ရင်လည်း။ ဒါက ရေကာတာ (၇) ခု ဆောက်ရင်ရမယ့် လျှပ်စစ်စွမ်းအင် ပမာဏကို မလျော့ဘဲ ရစေနိုင်တယ်လို့ ပညာရှင်တွေက သုတေသနပြု တင်ပြကြပါတယ်။ သဘောကတော့ ဒါကို ဖျက်ပါ။ မဖျက်နိုင်ရင် အငယ်စား နှစ်ခုဆောက်ပါပေါ့။ အဲဒါကို အဓိကအကြံပြုချက်ကို မြန်မာစစ်အစိုးရနဲ့ တရုတ်အာဏာပိုင်းတွေက လုံးဝလစ်လျူရှုတာကို တွေ့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ နှစ်ပိုင်း - တပိုင်းက ဘာလဲဆိုတော့ တရုတ်အစိုးရနဲ့ တရုတ် CPI - ရေကာတာ ဆောက်ပြီးရင်ရရှိမယ့် လျှပ်စစ်စွမ်းအားနဲ့ အကျိုးအမြတ်နဲ့ သူတို့ရဲ့  ရင်းနှီးမြုပ်နှံမှုတွေက တရုတ်ပြည်အတွက် အဓိကဖြစ်နေတော့ သဘာဝဘေးအန္တရာယ်ခံရမယ့် အခြေအနေတွေက ဗမာပြည်အတွင်းမှာ ဖြစ်နေတော့ သူတို့အနေနဲ့ ဂရုမစိုက်ဘူးထားလိုက်ပါ။ ဒါပေမဲ့လည်း တဖတ်မှာပါဝင်နေတဲ့ မြန်မာအစိုးရပိုင်း။ အခု မြစ်ဆုံရေကာတာ စီမံကိန်းမှာ မြန်မာအစိုးရပိုင်းနဲ့ တခြား ပုဂ္ဂလိကပိုင်းတွေ မြန်မာပိုင်းက ရင်းနှီးမြုပ်နှံနေတဲ့ ဦးဆောင်ပြီးလုပ်နေတဲ့လူတွေအနေနဲ့ကော ဗမာနိုင်ငံပိုင်းမှာ၊ ကိုယ့်နိုင်ငံအတွင်းမှာ ဖြစ်မယ့် ရေရှည်ထိခိုက်မှုတွေကို သူတို့အနေနဲ့ ထည့်တွက်မှုမရှိဘူးလား။

ဦးမင်းဇင် ။ ။ တကယ်တော့ ဝမ်းနည်းစရာကောင်းတာက တရုတ်ပညာရှင်တွေရဲ့  အချက်အလက်အရပဲ ရမယ့်အကျိုးအမြတ် ၇၀% ကို တရုတ်နိုင်ငံက ယူမှာဖြစ်ပြီးတော့ သူတို့က ၃.၆ ဘီလီယံ ရင်းနှီးမြုပ်နှံထားတော့ ရမယ့်အကျိုးအမြတ်ရဲ့  ၇၀% ကို တရုတ်နိုင်ငံကယူမယ်။ မြန်မာနိုင်ငံကတော့ ၂၀% ရမယ်။ ၂၀% ဆိုတာ ဒေါ်လာနဲ့တွက်ရင် တနှစ်ကို သန်း ၅၀၀ လောက်ပဲ ရှိပါတယ်။ ကြားပွဲစားတွေက ၁၀% လောက် ရမယ်။

ကျနော်မြင်တာကတော့ ကြားပွဲစားတွေက သူတို့အတွက် အကျိုးစီးပွားသိပ်များတဲ့အခါကြတော့ ၁၀% ဆိုတဲ့ ပမာဏက သိပ်မနည်းပါဘူး။ သာမန် ပုဂ္ဂလိက အကြံပေးပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တို့ ရမယ့်ပမာဏက များပါတယ်။ အဲဒီအခါကြတော့ သူတို့တွေက ဒါကို မဖြစ်ဖြစ်အောင်။ ပညာရှင်တွေက မဆောက်နဲ့ ပြောပေမယ့် dam ဆောက်တာကိုက သူတို့အတွက် ပိုက်ဆံရပေါက်ရလမ်းဆိုတော့ သူတို့က မဖြစ်ဖြစ်အောင်လုပ်တဲ့ သဘောပါ။ မြန်မာစစ်အစိုးရဘက်ကတော့ တာဝန်မဲ့တဲ့အပိုင်းတွေ အများကြီးတွေ့ပါတယ်။

ဥပမာဆိုရင် မြစ်ကြီးနားကို စက္ကန့် ၂၀ အတွင်း ရေလွှမ်းမယ်။ မြစ်ကြီးနားတမြို့ လုံး ပျောက်သွားမယ်ဆိုတာကို ပညာရှင်တွေက ပြောတဲ့အခါမှာ မြန်မာစစ်တပ်က ဘာလုပ်သလဲဆိုတော့ မပခ လို့ခေါ်တဲ့ မြောက်ပိုင်းတိုင်းကို မြစ်ကြီးနားကနေ ပူတာအိုကို ရွှေ့ ဖို့ အမိန့်ပေးပါတယ်။

ဒါကိုကြည့်မယ်ဆိုရင် မြန်မာ စစ်အစိုးရအနေနဲ့က ပြည်သူလူထုထက်စာရင် သူတို့ရဲ့  လုံခြုံရေး၊ သူတို့ရဲ့  စစ်တပ်မဟာဗျူဟာကိစ္စတွေကို စဉ်းစားနေတာ ဝမ်းနည်းစရာကောင်းတယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါ စစ်အစိုးရရဲ့  ရင်းနှီးမြုပ်နှံမှုလား။ တခြား ဘယ်ကုမ္မဏီတွေ မြန်မာဘက်က ပါဝင်ပတ်သက်နေသလဲ။

ဦးမင်းဇင် ။ ။ ရင်းနှီးမြုပ်နှံမှု အပြည့်အဝကတော့ တရုတ်ပြည်က များပါတယ်။ မြန်မာပြည်ဘက်ကတော့ ပါဝင်ဆောင်ရွက်ပေးတာကတော့ Asia World ကုမ္မဏီက အဓိကလုပ်တာပါ။ Asia World ကုမ္မဏီဆိုတာကလည်း စတီဗင်လော လို့ခေါ်တဲ့ ဦးထွန်းမြင့်နိုင် က လုပ်တာပါ။ ဦးထွန်းမြင့်နိုင် ကလည်း အနောက်နိုင်ငံတွေရဲ့  စီးပွားရေးအရ ပစ်မှတ်ထား အရေးယူမှုတွေမှာ သူက ဘိန်းလုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး အရေးယူခံထားရတာ ဖြစ်ပါတယ်။ ဒါကလည်း အနောက်နိုင်ငံတွေမှ မဟုတ်ပါဘူး။ တရုတ်အစိုးရကိုယ်တိုင်လည်း သိပါတယ်။

၂၀၀၉ ခုနှစ်လောက်က ဦးထွန်းမြင့်နိုင် တို့ ရန်ကုန်မှာ ဆောက်ထားတဲ့ သေဘာၤဆိပ္ကေန ထြက္သြားတဲ့ သေဘာၤေတြမွာ ဘိန်းတွေပါတယ်ဆိုပြီး တရုတ်အစိုးရက သတင်းပေးလို့ မြန်မာစစ်တပ်က ဖမ်းခဲ့တယ်ဆိုတာ သတင်းထဲမှာ ဟိုလေတကြော်ပါနေတာပါ။ ကျနော်ပြောချင်တာက Asia World ကုမ္မဏီက အဓိကပတ်သက်တယ်။ မြန်မာစစ်တပ်ထဲက စစ်ခေါင်းဆောင်တွေ ကြားရတဲ့သတင်းအရဆိုရင် ဦးတင်အောင်မြင့်ဦးတို့ အဓိက ပတ်သက်တယ်လို့ သိရပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေက အဓိကပတ်သက်တာမို့လို့ ဒီကိစ္စကို ပြန်လည်သုံးသပ်ဖို့ ပညာရှင်တွေရဲ့  အကြံပြုချက်ဟာ ထင်သလောက်မပေါက်ဘူး ဖြစ်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေသခံလူထုအနေနဲ့ ကျနော်တို့ကြားသိရတာကတော့ ဒေသခံ ကချင်လူထု၊ ဒေသခံ အန်ဂျီအိုတွေကနေ ရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေ၊ ကန့်ကွက်တဲ့စာတွေ လေ့လာချက်တွေ ထုတ်ထားတာကို တွေ့ရပါတယ်။ အလားတူပဲ ကေအိုင်အို ကချင်အဖွဲ့ကလည်း တရုတ်ပြည်ကိုတောင် စာရေးထားတယ်ဆိုတဲ့ အချက်တွေလည်း ကြားရပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဒေသတွင်း အခြေအနေတွေက ဘယ်လိုလဲ။

ဦးမင်းဇင် ။ ။ လုပ်ကြပါတယ်။ ဒေသခံ ကချင် ရပ်မိရပ်ဖတွေကော၊ ကချင်က အန်ဂျီအိုတွေ အားလုံးဝိုင်းပြီးတော့ ဒီကိစ္စကို မလုပ်ဖို့ တရုတ်အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကို အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့တာတွေ ရှိပါတယ်။ အခုနပြောတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ကလည်း တရုတ်ပြည်ကို စာမျက်နှာ တစ်ရာကျော်လောက်ရှိတဲ့ အထောက်အထားတွေ ပူးတွဲပါဝင်တဲ့ စာတမ်းတွေ ပေးပို့တာရှိပါတယ်။

အဲဒီ စာတမ်းတွေမှာ တချို့ အချက်အလက်တွေကို သေသေချာချာ အထောက်အထားနဲ့ တင်ပြထားတာပါ။ ဥပမာဆိုရင် အဲဒီဒေသမှာ ၁၉၅၀ ကနေ ၂၀၁၀ အထိ ရေကြီးမှု အကြီးအကျယ် (၇) ကြိမ် ဖြစ်ခဲ့တယ်။ ဒါတွေကို အထောက်အထားနဲ့ တင်ပြထားတာကို တွေ့ရပါတယ်။ နောက်တခါ ပြတ်ရွေ့ ကြောကြောင့် မဟုတ်ဘဲ မြစ်က ရေစီးသန်တော့ ရေကြီးတဲ့အခါမှာလည်း ရေကာတာတွေရဲ့  အရည်အသွေးက သိပ်မကောင်းဘူး။ တရုတ်ရေကာတာရဲ့  အရည်အသွေးက သိပ်မကောင်းလို့ ရေကြီးတာကြောင့်လည်း ပြိုနိုင်ပါတယ်။ အဲဒါလည်း အထောက်အထားရှိပါတယ်။

၂၀၀၆ ခုနှစ်က ချင်းခရိုင် ရေကာတာ မြစ်ကြီးနား နားမှာ ပြိုခဲ့ဘူးပါတယ်။ အဲဒါ ရေကြီးလိုပါ။ လူ (၅) ယောက်လောက် သေခဲ့ပါတယ်။ အဲဒီလိုမျိုးပဲ ဝါရှောင်ဆည်ဆိုလည်း လုံးဝပျက်သွားတာ ရှိပါတယ်။ ဒါတွေက အထောက်အထားနဲ့တကွ အထက်ကို တင်ပြတာပါ။ အခုအချိန်အထိတော့ ပြည်သူလူထုရဲ့  ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေရဲ့  တင်ပြချက်တွေကို အရေးတယူ စဉ်းစားတာ မတွေ့ရသေးပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အခုနောက်ပိုင်း လေ့လာချက်စာတမ်း အပြင်ကို ပေါက်ကြားပြီးနောက်ပိုင်းမှာ ကိုမင်းဇင်တို့အနေနဲ့လည်း တရုတ်ပြည်ဘက်ကို ရောက်ခဲ့တယ်။ အလားတူပဲ မကြာသေးခင်က တရုတ်ပညာရှင်တချို့ ၊ မြန်မာပညာရှင်တချို့ နဲ့ တွေ့ခဲ့တယ်ဆိုတာကိုလည်း ကျနော်ကြားရပါတယ်။ သူတို့ရဲ့  သဘောထားတွေက ဘယ်လိုရှိပါသလဲ။

ဦးမင်းဇင် ။ ။ တရုတ်ဘက်ကတော့ များသောအားဖြင့် ဒါကို သူတို့က နှစ်နိုင်ငံအကျိုးစီးပွား။ ဒါက အားလုံးကောင်းဖို့အတွက်ဆိုပြီး ဗြောင်းငြင်းခုခံတာကို တွေ့ရပါတယ်။ မြန်မာပညာရှင်တွေ၊ မြန်မာအန်ဂျီအိုတွေနဲ့ မြန်မာပြည်သားတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော်ကို မခံမရပ်နိုင် ဖြစ်ကြပါတယ်။

ဒါကတော့ သူတို့အတွက် ဒါကို မြစ်ဆုံပြဿနာလို့ ကြည့်လို့မရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလေ့လာချက်ဟာ အချက်တချက်ကိုပဲ လေ့လာရသေးတာပါ။ ဥပမာဆိုရင် ဒီမြစ်ကြီးကို အဆင့် (၇) ဆင့် ပိုင်းလိုက်လို့ နှုန်မြေစီးဆင်းမှုတွေ မရှိတော့ဘဲနဲ့ မြစ်ဝကျွန်းပေါ်မှာ စပါးအထွက်တွေ နည်းသွားမယ်။ မြစ်ကြီးနှေးသွားတဲ့အတွက်ကြောင့် ပင်လယ်ရေတွေ ဝင်လာပြီး ပင်လယ်ရေတွေကြောင့် မြစ်ဝကျွန်းပေါ် ပျက်နိုင်တယ်။ အဲဒီလိုမျိုး မြစ်ကောသွားနိုင်တယ်။

အများကြီးရှိပါတယ်။ ဖြစ်နိုင်ချေတွေ။ ဒါတွေကို စံနစ်တကျ သုတေသနပြုပြီး ဒါတွေကို ပညာရှင်တွေက အစီရင်ခံစာတွေ ထပ်တင်သွင်းသင့်ပါတယ်။ အဲဒီလိုမျိုး မလုပ်ဘဲ ဒါကို အမှောင်ချထားတဲ့အတွက်ကြောင့် ဗမာလူမျိုးတွေ၊ ဗမာနိုင်ငံသားတွေအားလုံးကတော့ ဒါကို မခံမရပ်နိုင်ဖြစ်ပါတယ်။

ဒါတွေကို ခြုံကြည့်မယ်ဆိုရင် တရုတ်ကတော့ ကိုသန်းလွင်ထွန်း ပြောသလိုမျိုး သူ့ရဲ့  နိုင်ငံရေးဘောဂဗေဒ စီးပွားရေးအကျိုးစီးပွားအတွက် လုပ်မှာပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေက ဒီကိစ္စကို ကိုယ်လည်းရမှာပါ ဘာမှမရှိဘူး။ ပေးလိုက်ရမှာက မြန်မာပြည်ပြောင်းသွားမယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့တွေကိုယ်တိုင် ဒီကိစ္စကို ထထကြွကြွနဲ့ ပညာရှင်တွေရဲ့  အကြံဥာဏ်ကိုယူ၊ ဖြစ်နိုင်မယ်ဆိုရင် ဒီ dam ကို ချက်ချင်းရပ်ဆိုင်းဖို့ အားလုံးဝိုင်းကြိုးစားကြ။ ဒီကိစ္စမှာ တပ်မတော်၊ လက်ရှိအစိုးရ နဲ့ အတိုက်အခံ တွေအားလုံး ပါနိုင်မယ်ဆိုရင်တော့ တိုင်းပြည်အတွက် ပိုကောင်းပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင် ကို ဆက်သွယ်မေးမြန်းထားတာပါ။

ဧရာဝတီ ဘလော့ဂ်မှ ကူးယူဖော်ပြသည်